Part 28 (Unicode)

Start from the beginning
                                        

ဖြူ - " ဒါပေမယ့် ဆရာမက မအကြောင်း ပြောတိုင်း မသိတဲ့လူလို ဟန်ဆောင်ခဲ့တာကရော... မြောင်းမြမှာ မရွှေရည်နဲ့ တွေ့တုန်းက အမှန်အတိုင်း ပြောရင် ရတာကို ဘာလို့ လိမ်ခဲ့ရတာလဲ... ဒါ ဆရာမက သမီးကို တမင် လိမ်တာ မဟုတ်ဘူးလား... "

ကျွန်မ - " ငါ့နေရာမှာ ဖြူစင် ဆိုရင်ရော ဘယ်လိုစဉ်းစားမလဲ... ပြတ်တာ ခုနှစ်လောက်ရှိတဲ့ ရည်းစားဟောင်းက တအားအောင်မြင်နေတဲ့အပြင် ကိုယ့်ဘေးက အသိမိတ်ဆွေက သူ့ကို သဘောကျနေတာကို မသိချင်ယောင်ဆောင်နေရုံကအပြင် ငါ ဘာတတ်နိုင်မှာလဲ... ဘာလဲ အသန့်လေးက ငါ့ရည်းစားဟောင်းလေ ဆိုပြီး ထုတ်ပြောစေချင်တာလား... "

သန့် - " မမ... "

ငိုသံစွက်လာသော ကျွန်မစကားကြောင့် သန့်က ကျွန်မကို တားလေသည်။

သန့် - " ဖြူစင်... မင်းအနေနဲ့ အနီးဆုံးလူဆီက သစ္စာဖောက်ခံရတဲ့ ခံစားချက်ရမျိုး ကြုံရမှာကို တို့နားလည်ပါတယ်... ဒါပေမယ့် တို့ဘက်ကိုလည်း စဉ်းစားကြည့်ဦးလေ... တို့ကတော့ အစကတည်းက တို့ဟာ Demisexual တစ်ယောက်ပါ ဆိုတာကို Public မှာ ထုတ်ပြောခဲ့ဖူးသလို လူတွေရဲ့ အမြင်ကိုလည်း တို့ ဂရုမစိုက်ဘူး... ဒါပေမယ့် ဆရာမတစ်ယောက် အနေနဲ့တော့ ကိုယ့်တပည့်နဲ့ တွဲနေတာကို ဝန်မခံရဲဘူး... မင်း တို့ကို ဘယ်လောက်ချစ်လဲ တို့နားလည်တယ်... မင်းလည်း ဆရာမတစ်ယောက်ပဲ တို့ရဲ့ စိတ်ကို နားလည်ပေးပါ... အမှန်အတိုင်း ဝန်မခံနိုင်ခဲ့တာကို တောင်းပန်ပါတယ်... ဒါပေမယ့် တို့ မင်းကို မျှော်လင့်ချက်တွေ ပေးမထားခဲ့ဖူးဘူးနော်... မင်းမှာ အပြစ်တင်ခွင့် မရှိဘူး... "

သန့်၏ စကားကြောင့် ဖြူစင်က မျက်နှာလွှဲလိုက်လေသည်။
သန့်ကတော့ ကျွန်မလက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားလေသည်။

.......................................

ထိုနေ့မှ စ၍ ဖြူစင်က ကျွန်မကို စကားမပြောတော့ဘဲ ရှောင်နေလေတော့သည်။
ကျွန်မက မနေနိုင်မထိုင်နိုင် လိုက်ခေါ်သော်လည်း ဖြူစင်က ကျွန်မအား သိသိသာသာပင် ရှောင်နေလေသည်။

The Rope (Own Creation)Where stories live. Discover now