သန့် - " သြော်... ပယောဂ မကင်းဘူးထင်တယ်ပေါ့... ဒါပဲလား... "
ဖြူ - " ရှင်... "
သန့်၏ စကားကြောင့် ဖြူစင်က တအံ့တသြ ဖြစ်သွားရလေသည်။
သန့် - " ပယောဂ မကင်းရုံပဲလား... မင်းကြောင့်လို့ တစ်ထစ်ချမထင်ဘူးလား... "
ဖြူ - " သမီး သေချာ မသိတော့ဘူး... အဲ့နေ့က သမီးမူးပြီး သမီး သူငယ်ချင်းဆီ ဖုန်းဆက် ငိုတယ်... မနက်ရောက်တော့ သူ့ဂျာနယ်တိုက်ကနေ မနဲ့ မယမုံအကြောင်း သတင်းတက်လာတယ်... သမီး ပြောလိုက်မိလား ဆိုတာ သမီးကိုယ်သမီး တွေဝေနေတာ... ဒါပေမယ့် မကို တောင်းပန်သင့်တယ် ထင်လို့ ... "
သန့် - " ဆိုလိုတာက မရည်ရွယ်ပါဘူးပေါ့... "
ဖြူ - " တကယ်ပါ မရယ်... မကို သမီးက ဒီလောက်ချစ်တာ မကို ဒုက္ခရောက်အောင် လုပ်ပါ့မလား... "
သန့် - " တို့ကလည်း ဒုက္ခမရောက်ပါဘူး... ဒီလောက်ကလေးက တို့အတွက် စာမဖွဲ့ပါဘူး... ယမုံကတော့ တိုင်ပတ်သွားတယ် ထင်တယ်... တို့က တို့ကောင်မလေးကို ချော့လိုက်ရရုံပါပဲ ... တခြား ထွေထွေထူးထူး မရှိပါဘူး... "
ဖြူ - " မရဲ့ ကောင်မလေးက ဘယ်သူလဲ... "
သန့် - " အချိန်တန်ရင် သိရမှာပေါ့... ဘာတွေလောနေတာလဲ... "
ဖြူ - " မမှာ ကောင်မလေးရှိတယ် ဆိုတာကိုမှ မယုံနိုင်တဲ့ဟာ... "
ဖြူစင့်စကားကြောင့် သန့်က ခေါင်းကုတ်လိုက်လေ၏။
သန့် - " ဘယ့်နှယ့် ... တို့က မင်းကို နောက်နေတဲ့ပုံ ပေါက်နေလို့လား... "
ဖြူ - " သမီးကို သူနဲ့ မိတ်ဆက်ပေးမှ ယုံမယ်... "
သန့် - " ညီမလေး... သူ့ဘက်က ပြောလို့ အဆင်ပြေတဲ့အချိန်ကျရင် Public ကို ထုတ်မပြောခင် ညီမလေးနဲ့ အရင် မိတ်ဆက်ပေးမယ်... ဟုတ်ပြီလား... "
ဖြူ - " ဒါဆို ... မမှာ တကယ် ကောင်မလေး ရှိနေတာပေါ့... "
သန့် - " သြော်... တကယ်ပါဆိုနေ... "
ဖြူစင်က ခေါင်းငိုက်စိုက်ချလိုက်လေသည်။
.......................................
KAMU SEDANG MEMBACA
The Rope (Own Creation)
Fiksi RemajaAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 27 (Unicode)
Mulai dari awal
