Part 27 (Unicode)

Start from the beginning
                                        

ကျွန်မ - " အင်းလေ... မမမှ အသန့်လေးနောက်ကို မလိုက်ရင် မမတို့က ထပ်ပြီး ဝေးရဦးမှာပဲ... မမတို့နှစ်ယောက် နီးစပ်ဖို့ဆိုတာ ဒီနည်းလမ်းပဲ ရှိတာ မဟုတ်လား... မမ ထွက်စာတင်လိုက်ပါမယ်... မမကို ခွင့်ပြုမိန့် ကျလာတဲ့အထိပဲ အသန့်လေး စောင့်ပေး... နော်... "

သန့် - " မမ တကယ် ပြောတာနော်... အသန့်လေးက မမကို အလုပ်ထွက်ဖို့ ခက်ခက်ခဲခဲ ပြောရမယ် ထင်ထားတာ... "

ကျွန်မက သန့်၏ ဆံပင်ကို လက်ဖြင့် သပ်တင်ပေးလိုက်ရင်း

ကျွန်မ - " မမအတွက် အရေးအကြီးဆုံးက အသန့်လေးပဲလေ... အသန့်လေးနဲ့ ထပ်ပြီး မဝေးချင်တော့ဘူး... "

သန့် - " Ah... You're the best ... ကတိနော် မမ... "

ကျွန်မက ခေါင်းညိမ့်လိုက်ရင်း

ကျွန်မ - " အင်း... ကတိ... "

သန့်က ပြုံးရွှင်စွာဖြင့် ကျွန်မအား သိုင်းဖက်လိုက်လေသည်။

......................................................

အတန်းချိန်အပြီး၌ ဖြူစင်က ကျွန်မကိုပင် မစောင့်ဘဲ သန့်၏ အနောက်သို့ ပြေးလိုက်သွားလေ၏။

သန့်၏ လက်ကို ဆွဲလိုက်ကာ

ဖြူ - " မမသန့် သတင်းတွေက... "

သန့်က ဖြူစင့်လက်ကို ပုတ်ထုတ်လိုက်ကာ

သန့် - " လူတွေ ရှိတယ်... အေးဆေး ပြောရအောင်... "

သန့်က အခန်းတံခါးဝနားရှိ ကျွန်မကို လှမ်းကြည့်ကာ

သန့် - " ဆရာမသန္တာ အိမ်ပြန်နှင့်လိုက်ပါ... ကျွန်မ ခဏနေမှ လိုက်လာမယ်... "

သန့်၏ မျက်နှာက တည်တည်ငြိမ်ငြိမ်မို့ ကျွန်မလည်း ခေါင်းညိမ့်ကာ လှည့်ထွက်လာလေ၏။

......................................................

ကျောင်းအနောက်နားရှိ အုတ်ခုံ၌ သန့်နှင့်ဖြူစင်တို့ အတူထိုင်နေကြလေ၏။

သန့် - " ဘာပြောမလို့လဲ... "

ဖြူ - " အဲ့သည့် သတင်းတွေကလေ သမီးရဲ့ ပယောဂမကင်းဘူးလို့ ထင်မိလို့ပါ... "

The Rope (Own Creation)Where stories live. Discover now