သန့် - " အင်း ညီမလေး ပြော... "
ယမုံ - " ....................................... "
သန့် - "ဟင်... ဘာသတင်းလည်း တို့ မသိသေးဘူးရော... "
တစ်ဖက်မှ ဘာပြောလိုက်သည် မသိ။ သန့်၏ မျက်နှာအမူအရာမှာ တစ်ခဏအတွင်း ပြောင်းလဲသွားလေ၏။
သန့် - " What the hell !!! ဒီလိုကိစ္စမျိုးက ဘာလို့ ... "
သန့်သည် အလွန်အမင်း စိတ်ရှုပ်နေဟန်ဖြင့်
သန့် - " ပြီးခဲ့တာပဲ ကြာလှနေပြီကို ... "
ယမုံ - " ........................"
သန့် - " ဘာမှမဖြစ်ဘူး ညီမလေး... မက အဆင်ပြေတယ်... ညီမလေးလည်း မစိုးရိမ်နဲ့ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ပဲ... public figure ဖြစ်လာတာနဲ့ ပြောစရာ ရှာနေမှာပဲ... အဆင်ပြေသွားလိမ့်မယ်... "
ယမုံ - " ....................................... "
သန့် - " အင်း ... မ အခြေအနေ ကြည့်လိုက်ဦးမယ်... စိတ်မပူနဲ့နော်... "
သန့် - " အင်း အင်း ညီမလေး... ဟုတ်ပြီ ဟုတ်ပြီ... ဖုန်းချပြီနော်... "
သန့်က ဖုန်းချလိုက်သည်နှင့် ကျွန်မဘက်ကို လှည့်ကြည့်ကာ
သန့် - " Media တစ်ခုကနေ အသန့်လေးနဲ့ ယမုံဝင့်ဝါအကြောင်း တက်လာလို့တဲ့ ... "
ကျွန်မ - " ဟယ်... ဘယ်လိုဖြစ်တာလဲ... "
သန့် - " မသိဘူး... အသန့်လေးကဖြင့် အဲ့ကိစ္စတွေ မေ့နေပြီ သူတို့က ခုမှ ရေးကြီးခွင်ကျယ်လုပ်နေတယ်... "
ကျွန်မ - " ဒါပေမယ့် သတင်းတက်လာပြီလေ... ဘယ်လိုလုပ်ကြမလဲ... "
ကျွန်၏ စကားကြောင့် သန့်က ပြုံးလိုက်လေသည်။
သန့် - " နေပါစေ မမရယ်... ပြီးခဲ့ပြီးနေပြီလေ... တကယ်လို့ တွဲနေတုန်း ဆိုရင်တောင်သူတို့နဲ့ ဘာဆိုင်လဲ... လူနှစ်ယောက်ကြားမှာ အချင်းချင်းကလွဲရင် ကျန်တာ ဘာမှ အရေးမကြီးဘူး... အချိန်တန်ရင် ပါးစပ်တွေပိတ်ကုန်လိမ့်မယ်... အသန့်လေးနဲ့ ယမုံ တစ်ယောက်ယောက်ကို မလိုတဲ့သူနေမှာပေါ့... မကြာပါဘူး အဆင်ပြေသွားလိမ့်မယ်... "
ကျွန်မ - " ဒါပေမယ့် အသန့်လေးရယ်... လူတွေရဲ့ ပါးစပ်တွေက ... "
သန့် - " ရပါတယ်... အသန့်လေးတို့က ဒီဒဏ်တွေ ခံနိုင်ရည် ရှိနေပြီ... စိတ်မပူနဲ့ ... မမသာ အသန့်လေးကို ချစ်နေရင် အရာအားလုံး အဆင်ပြေတယ်... "
ကျွန်မ - " အရေးထဲ နောက်နေသေးတယ်... "
သန့်က ရယ်ကျဲကျဲဖြင့်
သန့် - " လောကမှာ အရေးကြီးဆုံးက ပျော်ရွှင်မှုလေ မမရယ်... စိတ်မပူနဲ့ အသန့်လေး ရွှေရည့်ဆီ ဖုန်းဆက်ဦးမယ် ... မမ နားရင် နားလိုက်တော့နော်... "
အဆင်ပြေပါတယ် ပြောနေခါမှတော့ စိတ်ချပေးရုံမှ လွဲလို့ ကျွန်မ ဘာတတ်နိုင်ဦးမည်နည်း။
ကျွန်မထံတွင် တတ်နိုင်သည့်အရာဆိုလို့ မေတ္တာတရားသာ ရှိလေသည်။
ဤသည်ကပင် ကျွန်မ၏ အားသာချက် မဟုတ်ပါလား။
...............................................................
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 26 (Unicode)
Start from the beginning
