Part 26 (Unicode)

Start from the beginning
                                        

ဖြူ - " မက အဆုံးထိ သမီးကို ခေါင်းထဲမှာ မရှိဘူးပဲ... "

သန့် - " ဆိုပါတော့... ဖြူစင်နှင်း မင်းဘာလို့ ဆရာမလုပ်နေတာလဲ... ဆရာ၊ ဆရာမဆိုတာ တပည့်တွေအတွက် တွေးပေးရမှာပဲလေ... မင်းဘက်က တို့ကို ဘယ်လိုသဘောထားထား တို့အတွက် မင်းက ဂျူနီယာတစ်ယောက်၊ တပည့် တစ်ယောက်ပဲ... "

ဖြူ - " နားလည်ပြီမို့လို့ ထပ်ခါထပ်ခါ မပြောပါနဲ့ ... မက တစ်ခါပြောတိုင်း သမီးရင်ထဲကို မြားတစ်ချောင်းလာစိုက်တယ်... "

သန့် - " ဖြူစင် ညီမလေး... တို့အနေနဲ့ မင်းပြိုလဲနေတာကို မမြင်ချင်ဘူး... အနားယူလိုက်ပါ... သက်သာလာလိမ့်မယ်... မသက်သာရင် တို့ကို အားရပါးရဆဲလိုက်... ဟုတ်ပြီလား... "

ဖြူစင်က သန့်ထံမှ မျက်နှာလွှဲလိုက်လေ၏။

......................................................

သန့်ပြောသော စကားတို့ကို နားထောင်ရင်း ကျွန်မ ဧကန်ပင် စိတ်မသက်မသာ ဖြစ်ရပါသည်။

ကျွန်မ - " ဖြူစင်က အသန့်လေးကို တော်တော်သဘောကျနေတာပဲ... "

သန့် - " အဲ့တော့ရော ဘာလုပ်ရမှာလဲ... အသန့်လေးမှာ မမ ရှိနေတာပဲကို ... မမ မရှိရင်တောင် အသန့်လေး သူ့ကို ရွေးမှာ မဟုတ်ဘူး... "

ကျွန်မ - " ဟင် ... ဘာလို့လဲ... "

သန့် - " မမက အသည်းထဲမှာ နေရာယူထားပြီးသားလေ... "

ကျွန်မ - " အပြောကတော့ တကယ်ကောင်းတယ်... အဲ့ဒါကြောင့်လည်း သည်လောက် ဝိုင်းဝိုင်းလည်နေတာ... "

သန့် - " ဒါပေမယ့် အသန့်လေးက ဘယ်တော့ဖြစ်ဖြစ် မမကိုပဲ ထပ်ခါထပ်ခါ ရွေးမှာ... အချစ်ဆိုတာကလေ Timing ရှိတယ်... မမနဲ့ အသန့်လေးက လုံးဝ Timing ကွက်တိ ချစ်ကြလို့ အခုလို နှလုံးသားချင်း ထပ်တူကျနေတာပေါ့ ... "

သန့်၏ စကားကြောင့် ကျွန်မက
ပြုံးလိုက်မိလေသည်။

ထိုစဉ် သန့်၏ ဖုန်းက ရုတ်တရက် ထမြည်လာလေသည်။

သန့် - " ဟင်... ယမုံဝင့်ဝါ ... မမ ခဏနော်... "

ကျွန်မက ခေါင်းညိမ့်လိုက်လေလျှင် သန့်က ဖုန်းကို ကိုင်လိုက်လေ၏။

The Rope (Own Creation)Where stories live. Discover now