Part 26 (Unicode)

Start from the beginning
                                        

သန့်က အတန်းရှေ့မှ ကျွန်မတို့ကို လှမ်းကြည့်ကာ " ဘာဖြစ်တာလဲ " ဟူသော အနေဖြင့် မျက်ခုံးပင့်လိုက်လေ၏။ ကျွန်မလည်း သန့်ကို ကြည့်ရင်း ခေါင်းယမ်းလိုက်လေ၏။

သန့်က ကျွန်မတို့နားသို့ လျှောက်လာကာ

သန့် - " ဖြူစင်နှင်း နေမကောင်းလို့လား... ဘာဖြစ်တာလဲ... နားလိုက်ပါလား လေ့ကျင့်လို့ အဆင်ပြေမယ် မထင်ဘူး... ပြန်နားလိုက်လေ... ဆရာမသန္တာ လိုက်ပို့ပေးလိုက်ပါ... "

ကျွန်မက ခေါင်းညိမ့်လိုက်ကာ ဖြူစင့်၏ လက်မောင်းကို ဆွဲကိုင်လိုက်သော်လည်း ဖြူစင်က ကျွန်မကို တွန်းဖယ်လိုက်ကာ

ဖြူ - " မလိုဘူး... အဆင်ပြေပါတယ်... "

သန့် - " တကယ် အဆင်ပြေလို့လား... တို့စိတ်ထင်တော့ မင်းဒီနေ့ လိုက်ကနိုင်မယ် မထင်ဘူး... ပြန်နားလိုက်တော့နော်... "

ဖြူစင်က သန့်၏မျက်နှာကို ငေးကြည့်ကာ

ဖြူ - " ဒါဆို သမီးကို ဆရာမ ကိုယ်တိုင် လိုက်ပို့ပေးလို့ ရမလား... "

ဖြူစင့်စကားကြောင့် သန့်က ကျွန်မကို တစ်ချက်ကြည့်လိုက်လေသည်။ ကျွန်မက မသိမသာ ခေါင်းညိမ့်လိုက်လေ၏။

သန့် - " အင်းလေ... တို့လိုက်ပို့ပေးမယ်... လာ သွားမယ်... "

သန့်က ပြောပြောဆိုဆိုဖြင့် လှည့်ထွက်သွားလေ၏။
ဖြူစင်ကလည်း သန့်၏ နောက်မှ လိုက်ပါသွားလေ၏။

...................................................

ဖြူစင့် အဆောင်ရှေ့ရောက်သော် သန့်ရုတ်တရက် ရပ်လိုက်ကာ အနောက်မှ ခေါင်းငုံ့လျက် လျှောက်လာသော ဖြူစင့်အား လှည့်ကြည့်လိုက်လေ၏။

သန့် - " နေမကောင်းဘူးလား... ဘာဖြစ်တာလဲ... "

ဖြူ - " ဒီအတိုင်း နေလို့မကောင်းရုံပါ ဂရုစိုက်စရာ မလိုပါဘူး... "

သန့် - " မင်းကို ဂရုစိုက်တာ မဟုတ်ဘူး... တို့ရဲ့ သင်တန်းသူကို စိုးရိမ်တာ... မင်းက မူပြလည်း ဖြစ်တယ်... အသက်လည်း ငယ်တယ်... ဒါ့ကြောင့် ဂီတဘာသာရပ်သင်ဖို့ မင်းကို ရွေးနိုင်ချေများတယ်... ဒါ့ကြောင့် မင်းကြိုးစားရမယ်... တစ်ခုခုဖြစ်လို့ မရဘူး... "

The Rope (Own Creation)Where stories live. Discover now