Part 26 (Unicode)

Start from the beginning
                                        

ဖြူ - " မ တကယ်ပဲ သမီးကို မချစ်နိုင်ဘူးလား... "

သန့် - " တို့ သူက လွဲရင် ဘယ်သူ့ကိုမှ မချစ်ဘူး... "

ဖြူ - " မဟုတ်မှလွဲရော... မရဲ့ အချစ်ဦးလား... မယမုံလို လူကိုတောင် ထားခဲ့အောင် လုပ်တဲ့ အဲ့သည့် အချစ်ဦးလား... "

သန့်က ခေါင်းငြိမ့်လိုက်ကာ

သန့် - " အင်း... ဟုတ်တယ်... တို့ဘဝမှာ သူပဲ ရှိတယ်... "

ဖြူ - " ဘာလို့ အဲ့မိန်းမပဲလဲ... အဲ့မိန်းမက ရွှေထွက်နေလို့လား... "

သန့်က တစ်ချက် ပြုံးလိုက်ကာ

သန့် - " ဟင့်အင်း... သူက ရွှေမထွက်ပါဘူး... ဒါပေမယ့် သူ့ဆီကနေ အချစ်တွေထွက်တယ်... "

သန့်က ဖြူစင့်ကို စိတ်မကောင်းစွာ ကြည့်ရင်း

သန့် - " ဖြူစင် တို့ကို ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်... ဒါပေမယ့် တို့ရင်ထဲမှာ နေရာဦးထားသူ ရှိနေပြီးသားလေ... တို့တွေ အကောင်းဆုံး သူငယ်ချင်း ဖြစ်နိုင်ပါသေးတယ်... တို့ သွားတော့မယ်နော် ... ကျောင်းရောက်မှ တွေ့ကြတာပေါ့ ... "

သန့်က စကားဆုံးသည်နှင့် လှည့်ထွက်လာလေ၏။

ဖြူစင်က လက်သီးကို တင်းတင်းဆုပ်ရင်း ကျန်နေခဲ့လေ၏။

..............................

အတန်းရှေ့၌ ပြုံးရွှင်စွာဖြင့် ကကွက်များအကြောင်း ရှင်းပြနေသော သန့်ကို ဖြူစင်က ဖြူလျော့နေသော မျက်နှာဖြင့် ခပ်တွေတွေ ငေးစိုက်ကြည့်နေလေ၏။

ကျွန်မ - " ဖြူစင် နေမကောင်းလို့လား... နားမလား... ပြောပေးမယ်လေ... "

ဖြူ - " ရပါတယ် ဆရာမရယ် ... သမီးနားလိုက်ရင် မမသန့်မျက်နှာကို ဒီလို ငေးကြည့်နေလို့ ရမှာ မဟုတ်ဘူး... သမီး အဆင်ပြေပါတယ်... "

ဖြူစင် ပြောရင်း မျက်ရည်ကျလာလေ၏။

ကျွန်မ - " ဟဲ့ ဘာထဖြစ်တာလဲ... မငိုနဲ့လေ... "

ကျွန်မက တားသော်လည်း ဖြူစင်က တရှုံ့ရှုံ့ ငိုနေလေ၏။

The Rope (Own Creation)Where stories live. Discover now