Part 26 (Unicode)

Start from the beginning
                                        

သန့် - " အယ်... တို့ကို ဖွင့်ပြောနေတာလား... "

ဖြူစင်က ရုတ်တရက် သန့်၏ ခါးကို ဖက်လိုက်ကာ သန့်၏ ရင်ခွင်ထဲ၌ မျက်နှာအပ်ထားလေသည်။

ဖြူ - " ဟုတ်တယ်... ဒီစကား ပြောနိုင်ဖို့ ကြိုးစားနေတာ ကြာခဲ့ပြီ ... သမီးကို သမီး မသေချာတာရယ်... ကြောက်မိတာရယ်ကြောင့် ပြောမထွက်ခဲ့ဘူး... "

သန့်က ဖြူစင့်ကို တွန်းဖယ်လိုက်ကာ ဖြူစင့်မျက်နှာအား ငုံ့ကြည့်ရင်း

သန့် - " တို့က Single မဟုတ်ဘူး... တို့မှာ ချစ်သူရှိတယ်... "

ဖြူ - " ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... "

သန့် - " ဘာလို့ မဖြစ်နိုင်ရမှာလဲ... လူလွတ်တစ်ယောက်အနေနဲ့ ချစ်သူရည်းစားရှိတာ ဆန်းလို့လား... "

ဖြူစင်က မယုံနိုင်သော မျက်ဝန်းများဖြင့် သန့်ကို ငေးကြည့်ကာ ခေါင်းခါရင်း

ဖြူ - " ဟင့်အင်း... မယုံဘူး... မ ညာနေတာ... သမီးကို ငြင်းချင်ရင်လည်း ဒီအတိုင်း ငြင်းလို့ ရပါတယ်... ခုလိုကြီးက မဖြစ်နိုင်တာ... "

သန့် - " တို့ အတည်ပြောနေတာ... တို့ သိပ်မကြာခင်ကပဲ ကောင်မလေး ရသွားခဲ့တာ... ဒီကနေ ပြန်ရင် official မိတ်ဆက်ပေးဖို့ စိတ်ကူးထားပြီးသား... "

သန့်၏ စကားကြောင့် ဖြူစင်က မျက်ရည်များ စီးကျလာလေ၏။

ဖြူ - " ဆိုလိုတာ သမီး နောက်ကျသွားပြီပေါ့ ... သူက ဘယ်သူလဲ... ဘယ်လိုလူက မကို သမီးထက် ပိုချစ်ပေးနိုင်မှာလဲ... သမီးက မကို ခြောက်နှစ်လောက် ချစ်ခဲ့ရတာ... မ သူ့ကို ဖြတ်လိုက် သမီးနဲ့တွဲမယ်... မ ဘာဖြစ်ဖြစ် သမီး သည်းခံမယ်... သမီးကို မ မချစ်ရင်တောင် အခွင့်အရေးတော့ပေးပါ... သမီး ဆက်ကြိုးစားမယ်... "

သန့် - "သူက တို့ကို ဆယ်နှစ်လောက် ချစ်ခဲ့တာ... တို့လည်း သူ့ကို ချစ်တယ်... တို့ သူ့ကို လိုအပ်တယ်... မဟုတ်ဘူး သူ့အတွက် တို့က လိုအပ်တဲ့သူ ဖြစ်နေချင်တယ်... ဖြူစင့်အပေါ် ကောင်းတဲ့သူနဲ့ တွေ့မှာပါ... တို့အတွက်နဲ့ မခံစားနဲ့ မတန်ဘူး... ဖြူစင့်ကို မချစ်တဲ့သူအတွက် ဖြူစင်က ဘာလို မျက်ရည်ကျနေမှာလဲ... မငိုနဲ့ ညီမလေး... "

The Rope (Own Creation)Where stories live. Discover now