ဖြူ - " မနဲ့ တွေ့ချင်လို့ ... လိုက်လာတာ... "
သန့် - " အာ... ကိစ္စရှိလို့လား... "
ဖြူ - " ဆိုပါတော့... ဒါနဲ့ မက ဘာလို့ My Grandfather's Clock ကို အမြဲတီးတာလဲ... "
သန့် - " သဘောကျလို့... တို့ ငယ်ငယ်ကဆို ဒီသီချင်းကို ကြားတိုင်း ငိုတယ်... စိတ်မကောင်းဖြစ်မိတာ ဆိုပါတော့ ... အဘိုးကြီးဆုံးသွားတဲ့အခါ နာရီကလည်း ဆက်မသွားတော့ဘူး ဆိုတာက တော်တော် Emotion ဖြစ်ရတယ်... "
ဖြူ - " ကျောင်းတုန်းကလည်း ကိုသော်တို့နဲ့ ဂစ်တာတီးတိုင်း အမြဲဆိုတယ်နော်... "
သန့် - " ဟယ်... မှတ်မိတယ်လား... "
ဖြူ - " မှတ်မိတာပေါ့... မနဲ့ ပတ်သတ်တဲ့အတိတ်တွေက သမီးအတွက် တန်ဖိုးရှိတယ်... "
သန့် - " အို... ကျေးဇူးပါ... သည်လို Supporter တွေကြောင့် တို့သည်လောက်ထိ အောင်မြင်လာရတာ... "
သန့်၏ စကားကြောင့် ဖြူစင်က ခေါင်းငုံ့ကာ ပြုံးလိုက်လေ၏။
ဖြူ - " ဟီး... အစကလေ မနဲ့ ကိုသော့်ကို အတွဲထင်နေတာ... "
သန့် - " ဟယ်... မဟုတ်တာ... သော်သော်နဲ့က ကျောင်းစတက်ကတည်းက ခင်တာ မေဂျာမတူပေမယ့် သည်အသိုင်းအဝိုင်းထဲကဆိုတော့ ရင်းနီးကြတယ်... ဒါပေမယ့် တချို့လည်း တွဲတယ် ထင်နေကြတယ်ရော... Transman က တို့ရဲ့ Type မှ မဟုတ်တာ... ဘာလို့ ထင်နေရတာတုန်း "
ဖြူ - " မသိဘူးလေ... အဆောင်မှာ အမြဲ တတွဲတွဲနဲ့ ဆိုတော့ ထင်လိုက်တာ... နောက်မှ မနဲ့မယမုံအကြောင်း သိတာ ... "
သန့် - " ယမုံနဲ့အကြောင်း ဘယ်သူမှ သိပ်မသိကြပါဘူး... ဒါကိုတောင် သိနေတယ်ဆိုတော့ တို့အကြောင်း တော်တော်သိထားတာပဲ ... "
ဖြူ - " မကို သဘောကျလို့လေ... "
ဖြူစင့်စကားကြောင့် သန့်က မျက်ခုံးပင့်လိုက်လေ၏။
သန့် - " ဟုတ်လား... ကျောင်းတုန်းကတည်းက Fan ဆိုတော့ VVIP လေးပေါ့... "
ဖြူစင်က သန့်၏ မျက်နှာကို ငေးကြည့်ရင်း ပြုံးလိုက်လေသည်။
ဖြူ - " Fan ဆိုတာထက် ပိုတယ်... ကျောင်းတုန်းကတည်းက ခိုးချစ်ခဲ့ရတာ ခုထိ... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 26 (Unicode)
Start from the beginning
