Part 26 (Unicode)

Start from the beginning
                                        

သန့်က ကျွန်မ၏ ခါးကို ဖက်ကာ ပုခုံးထက် မှီလိုက်ရင်း

သန့် - " ချစ်တာပေါ့ မမရယ်... မမကလေ အသန့်လေးအတွက် ချည်တိုင်လိုလူမျိုးပဲ... အသန့်လေး ဘယ်လိုနေနေ၊ ဘယ်ကိုပဲ ထွက်သွားသွား မမကိုပဲ တမ်းတနေမိတယ်... နောက်ဆုံး မမဆီပဲ ပြန်လာနေမိတယ်... ဒါပေမယ့် မမ အသန့်လေး အခုက စပြီး သေခြင်းတရား မခွဲသရွေ့ မမကို ဘယ်တော့မှ ထားမသွားဘူး... "

ကျွန်မ - " အသန့်လေးရယ် သေစကား မပြောပါနဲ့လား... "

သန့် - " ဟယ် ဘာလို့လဲ လူတိုင်းက တစ်နေ့ သေရမှာလေ... သေပြီဆိုမှတော့ ထားခဲ့ရမှာပဲ ... "

ကျွန်မ - " ဒါပေမယ့် ပြန်တွေ့ရတာမှ မကြာသေးဘူး... ဒီလိုစကားတွေ မပြောနဲ့လေ ... ကလေးရဲ့ "

သန့် - " ဟော... ဟုတ်ပါပြီ... ဟုတ်ပါပြီ... မပြောတော့ပါဘူး... "

သန့်ကို အံ့သြမိသည်။ သူမ ရင်ဆိုင်နေရသည်မှာ သေခြင်းတရားလေ...

သို့သော် အပြုံးမပျက် ပြောနေနိုင်လေသည်။

ဧကန္တ သန့်က သူမ၏ အခြေအနေကို မသိသေးတာလား...

.............................................

ညနေခင်း ကျွန်မ ခြံထဲ၌ တံမြက်စည်းလှည်းနေစဉ် ဖြူစင်က ရောက်လာလေ၏။

ဖြူ - " ဆရာမ... မမသန့်ရော... "

ကျွန်မ - " တယောသွားထိုးတယ်... "

ဖြူ - " ဒါဆို ရွာထိပ်မှာပေါ့ ... လိုက်သွားလိုက်ဦးမယ်... "

ဖြူစင်က ပြောပြောဆိုဆိုဖြင့် ပြေးထွက်သွားလေ၏။

..........................................

ရွာထိပ်နားရှိ သရက်ပင်အောက် သန့် တစ်ယောက် တယောထိုးနေလေ၏...

My Grandfather's Clock ၏ ဆွတ်ပျံ့ဖွယ်တေးသံက ပျံ့လွင့်နေ၏။

သရက်ပင်၏ အကွယ်၌ ဖြူစင်တစ်ယောက် ပြုံး၍ သာယာနာပျော်ဖွယ်တေးသံကို နားစွင့်နေလေ၏။ တယောသံ၏အဆုံး ဖြူစင်က သစ်ပင်နောက်မှ ထွက်လာလေ၏။

ဖြူ - " မမသန့်... "

သန့် - " သြော်... ဖြူစင် ရောက်နေတာလား... "

The Rope (Own Creation)Where stories live. Discover now