အပိုင်း ၈၀ [ တစ္ဆေဈေး ] (5)

611 112 4
                                    

အပိုင်း ၈၀ [ တစ္ဆေဈေး ] (5)

⟨⟨ပထမဆုံး‌သောမရဏ⟩⟩

ရဲစခန်းမှထွက်လာပြီးရိရှင်းဟယ်အိမ်ပြန်သွားသည်။

ဒီနေ့ကြောက်စရာကောင်းတဲ့အရာတွေကိုရင်မဆိုင်ခဲ့ရပေမဲ့ဝေ့ကျစ်းမောက်သေသွားတာက သူ့စိတ်ကိုသက်ရောက်စေသည်။အများကြီးဖြေရှင်းခဲ့ပြီးပေမဲ့သူကစောင့်ကြည့်သူလည်းမဟုတ်သလိုရိသွမ်းကျစ်းဝုနဲ့ပတ်သက်နေတဲ့မကောင်းဆိုးဝါးလည်းမဟုတ် သူကသာမန်လူလေးပါပဲ တခြားလူတွေထက်သိထားတာများတာလေးပဲ

ဝေ့ကျစ်းမောက်ဘယ်လိုသေလဲဆိုတာကပဟေဠိဖြစ်နေတုန်းပဲ ဒါပေမဲ့မတွေးလည်းသိတယ် အဲ့ဒီအရာနဲ့ပတ်သက်မှုရှိနေတယ်

အိမ်ရောက်ရောက်ချင်း ရိရှင်းဟယ်တီ‌ဗီဖွင့်လိုက်ကာအနက်ရောင်မှတ်စုစာအုပ်ကိုထုတ်လိုက်ပြီးဒီနေ့ဖြစ်သမျှကိစ္စတွေကိုမှတ်တမ်းတင်လိုက်သည်။ခေါင်းငုံ့ရင်းတစ်ခြစ်ချင်းလေးနက်စွာရေးနေသည်။

တီဗီထဲမှာပျင်းစရာကောင်းတဲ့အစီအစဉ်ကိုထုတ်လွှင့်နေသည်။ဝေ့ကျစ်းမောက်အိမ်မှာတွေ့ခဲ့တဲ့တစ်စိတ်တစ်ပိုင်းကိုရေးနေတုန်း အပေါက်ဝမှ ဒုန်းဒုန်းဒုန်းဟူသည့်တံခါးခေါက်သံထွက်လာသည်။

ရိရှင်းဟယ်ထူးဆန်းသွားကာတံခါးဝဆီကြည့်လိုက်သည်။သူကတစ်ယောက်ထဲနေတာ ပြီးတော့ အခုဆယ့်နှစ်နာရီတောင်ထိုးတော့မယ် ဘယ်သူကများဒီလောက်နောက်ကျမှတံခါးရှေ့ရောက်နေတာလဲ?

ရိရှင်းဟယ်ထရပ်လိုက်ပြီးတံခါးဝဆီသွားလိုက်သည်။ချောင်းကြည့်ပေါက်ကနေကြည့်လိုက်တော့ အပြင်မှာရပ်နေတဲ့ပိန်သေးသေးမိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

မိန်းကလေးတစ်ယောက်ကိုတွေ့တော့မှရိရှင်းဟယ်ရဲ့သတိလည်းတစ်ဝက်လောက်လျော့သွားကာတံခါးလှည့်ဖွင့်လိုက်သည် : "ခင်ဗျားကဘယ်သူလဲ? ကျွန်တော့်ကိုရှာတာကိစ္စရှိလို့လား?"

ဒီမိန်းကလေးကရိရှင်းဟယ်ရဲ့ရင်ဘတ်ကိုတောင်မရောက် လက်မောင်းကလည်းပုံမှန်လူတွေထက်ပိုသေးနေသည်မှာထင်းချောင်းကဲ့သို့ အန္တရာယ်ပေးနိုင်မယ့်ပုံလုံးဝမရှိပေ : "ရှင်ကရိရှင်းဟယ်လား?"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now