အပိုင်း ၈၃ [ တစ္ဆေဈေး ] (8)

538 100 8
                                    

အပိုင်း ၈၃ [ တစ္ဆေဈေး ] (8)

⟨⟨ကူးစက်ခြင်း⟩⟩

ခွဲခြားဆက်ဆံခံနေရတယ်လို့လင်ပန့်ရှထင်တယ် တခြားလူတွေကပေါ့ပေါ့ပါးပါးနဲ့ အနံ့အောက်ရောက်သွားချိန်မှာသူကတော့အသားအိုကြီးလိုမျိုးဘာတုံ့ပြန်မှုမှရှိမနေဘူး

သူဝန်မခံချင်ပေမဲ့ ရူးသွားတာတို့ အရည်ပျော်သွားတာတို့ထက်စာရင် နိုးကြားနေတာကပိုကောင်းတာပေါ့ အနည်းဆုံးတော့ မှောင်မည်းမည်းအခန်းထဲမှာ ကိုယ့်ကိုယ်အပြူးသားပြန်ကြည့်ဖို့မလိုတော့ဘူး ဆက်ပြီးဘာဖြစ်မလဲ‌ဆိုတာတော့သရဲပဲသိလိမ့်မယ်

ပတ်ပတ်လည်ကမှောင်မည်းနေပြီးဘာကိုမှမတွေ့ရ လူတွေအများကြီးစုလှုပ်ရှားနေတာကိုတော့ခံစားမိတယ်

ကိုယ့်ခန္ဓာကိုယ်ကတက်လိုက်ကျလိုက်ဖြစ်နေတာကိုခံစားမိတယ် ပြန့်ပြူးတဲ့လမ်းကိုလျှောက်သွားပြီးအောက်ဆင်းသွားတယ် ခဏ အောက်ဆင်းသွားတယ်? ဒီတိုက်ဟောင်းထဲမှာမြေအောက်ခန်းလိုနေရာရှိမယ်လို့လင်ပန့်ရှမထင်ထားဘူး ချိုမြမြအနံ့ကိုလည်းတစ်ချိန်လုံးရှူနေရသည်။ရှူပါများတော့လည်းထုံသွားပြီ တခြားအနံ့တောင်မရတော့ဘူး

လင်ပန့်ရှရဲ့လက်ရောခြေထောက်ရောတင်းတင်းအချည်ခံထားရသည်။အခေါင်းထမ်းသလိုမျိုးလူတစ်စုဟာသူ့ကိုထမ်းထားပြီးဖြေးဖြေးချင်းနဲ့လှေကားကိုဖြတ်နေကြသည်။

သူတို့‌ကမြေအောက်နက်နက်မှာလုပ်ထားတာထင်တယ် မြေအောက်ဆိုတော့လည်းနိဗ္ဗာန်မဟုတ်တာတော့သေချာတယ်

သွားနေတာဘယ်လောက်ကြာပြီလဲမသိပေမဲ့လင်ပန့်ရှကတော့ပင်ပန်းလာသည်။အနက်ရောင်မြင်ကွင်းထဲမှာအစိမ်းရောင်အလင်းတစ်ခုလင်းလာသည်။အစကတော့ မီးဆီကအလင်းလို့လင်ပန့်ရှထင်နေပေမဲ့ပိုပိုနီးလာတော့မှ မီးရဲ့အလင်းရောင်လုံးဝမဟုတ်ပဲသက်ရှိကနေထွက်လာတဲ့အရောင်ဖြစ်နေတယ် အစိမ်းရောင်ဖျော့ဖျော့ဟာတစ်ဖျတ်ဖျတ်နဲ့အကောင်များစွာကရုတ်တရက်မျက်တောင်ခတ်နေသလိုမျိုး

လင်ပန့်ရှကိုသယ်လာတဲ့လူတွေလည်းခြေလှမ်းရပ်သွားပြီးတခြားဦးတည်ရာကိုလှည့်ထွက်သွားသည်။ဒီနေရာကအရမ်းကြီးနေတယ် ရပ်ကွက်တစ်ခုလုံးအောက်မှာတူးထားသလားလို့တောင်သံသယဖြစ်မိတယ် ဂူမဟုတ်ပဲ အံ့ဖွယ်ကမ္ဘာလိုမျိုး

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now