အပိုင်း ၄၂ [ လက်ကိုင်ပဝါပစ်ကြမယ် ] (4)

1K 170 4
                                    

အပိုင်း ၄၂ [ လက်ကိုင်ပဝါပစ်ကြမယ် ] (4)

⟨⟨သေဆုံးခြင်းနှင့်ရှင်သန်ခြင်း⟩⟩

နာရီဝက်ကြာပြီးတော့မှရှန်ချင်းရီရဲ့ပုံပြင်လည်းပြီးသွားသည်။

ရှန်ချင်းရီပြောတာကပြတ်တောင်းပြတ်တောင်းနဲ့ချောက်ချားနေတဲ့ပုံလည်းရှိနေတယ်ဒါပေမဲ့ဒါတွေကသူမရဲ့အပြောပဲရှိတယ်ဝမ်ခဲသေတဲ့အချိန်မှာပဲရုတ်တရက်ရပ်ပစ်လိုက်တယ်နောက်ပိုင်းကတော့ရှောင်းဝေ့ချီနဲ့ကွဲသွားပြီးကြောက်နေတာမလို့ချုံထဲပုန်းနေတာ

"အော်ဒီလိုကိုး"အိုက်ရှင်းရှန်းသက်ပြင်းချလိုက်သည် "မင်းကံကောင်းလို့အသက်ရှင်တာပဲ"သူသုံးသပ်ကြည့်ရင်း "လက်ကိုင်ပဝါမှာပြဿနာရှိနေတာပဲအဲ့ဒီလက်ကိုင်ပဝါရောက်လာရင်ဖြစ်မှာပဲမင်းအသက်ဘယ်လောက်လဲ?"

ရှန်ချင်းရီရှက်ရွံ့စွာဖြင့် "ဒီနှစ်ဆယ့်ရှစ်ထဲမှာပါ"သူမနှုတ်ခမ်းကိုကိုက်ထားရင်းသနားစရာကောင်းအောင်လုပ်လိုက်သည် "ကောကောအပြင်မှာလဝက်တောင်ကြာသွားပြီပေါ့"

"ဟုတ်တယ်လဝက်တောင်ကြာပြီ"အိုက်ရှင်းရှန်းကပြောတယ် "ကိစ္စမရှိဘူးငါနင်တို့ကိုအပြင်ထုတ်ပေးမယ်"သူကလူသစ်တစ်ယောက်ဖြစ်ပေမဲ့သူ့စိတ်ကမြင့်မြတ်မနေ။ဒါပေမဲ့ဒီလိုချစ်စရာမိန်းကလေးကိုတော့ဘယ်လိုလုပ်ရက်ရက်စက်စက်စကားတွေပြောနိုင်မှာလဲအစွမ်းကုန်နှစ်သိမ့်ပေးရမယ်ရှန်ချင်းရီပြောတာကိုပြန်‌တွေးကြည့်ရင်မုန့်မုန်ကရုတ်တရက်ပျောက်သွားတယ်ဝမ်ခဲကလည်းရုတ်တရက်သေသွားတယ်လက်ကိုင်ပဝါရဲ့သဲလွန်စအရဆိုရင်သူတို့ကြားခဲ့တဲ့သီချင်းနဲ့အဆက်အစပ်ရှိနေတယ်ရှန်ချင်းရီကြောက်နေလို့အသေးစိတ်မပြောနိုင်တာထင်တယ်ဥပမာမုန့်မုန်ကလူပဲဖြစ်ဖြစ်သရဲပဲဖြစ်ဖြစ်သူမနဲ့ရှောင်းဝေ့ချီပျောက်သွားချိန်တကယ်ပဲဘာဖြစ်ခဲ့တာလဲ?အိုက်ရှင်းရှန်းတွေးလိုက်ပြီးဆက်မေးချင်ပေမယ့်ရှန်ချင်းရီကဆိုလာသည် "ရှောင်ကောကောငါဒီနားမှာပဲအပေါ့သွားချင်လို့နင်ငါ့လွယ်အိတ်လေးယူထားလို့ရမလား?"

အိုက်ရှင်းရှန်းကဆိုတယ် : "ရတယ်လေ"

ရှန်ချင်းရီကိုယ့်အိတ်ကိုယ်ကမ်းပေးလိုက်ပြီးအသံတိုးတိုးနဲ့ဆိုတယ် : "ငါနင့်အနောက်ကချုံမှာပဲရှိနေမယ်နော်နင်နင်အဝေးကြီးမသွားနဲ့နော်"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now