အပိုင်း ၄၅ [ လက်ကိုင်ပဝါပစ်ကြမယ် ] (7)

1K 185 11
                                    

အပိုင်း ၄၅ [ လက်ကိုင်ပဝါပစ်ကြမယ် ] (7)

⟨⟨‌ကြောက်စရာရိုလာကိုစတာ⟩⟩

မဖြစ်နိုင်ဘူး........မဖြစ်နိုင်ဘူးတိုက်ဆိုင်တာနေမှာတိုက်ဆိုင်တာပဲမုန့်မုန်တစ်ကိုယ်လုံးချွေးစေးပြန်လာသည်။သူမခက်ခက်ခဲခဲတံတွေးမျိုချလိုက်ပြီးချုံပုတ်ထဲလှည့်ကြည့်လိုက်တယ်ချုံထဲအရမ်းမှောင်နေလျက်ဒါပေမဲ့လူတစ်ယောက်ရှိနေတာကိုတော့ဝိုးတဝါးတွေ့ရတယ်အဲ့ဒီလူကဖြူပြာရောင်စကတ်တိုဝတ်ထားတယ်ဆံပင်ရှည်တွေကလည်းမြက်ကြမ်းတွေပေါ်တင်ကျန်နေတယ်မုန့်မုန်ခေါင်းငုံ့ကြည့်တော့ကိုယ့်စကတ်ကိုယ်တွေ့လိုက်ရသည်--သူမအကြိုက်ဆုံးဖြူပြာရောင်ဒါပေမဲ့ဒီလိုဆိုရင်တောင်နောက်ဆုံးမျှော်လင့်ချက်ကိုပိုက်ရင်းချုံပုတ်ဆီလျှောက်သွားပြီးချုံတွေကိုဖယ်လိုက်ကာကြည့်လိုက်ချိန်လမ်းမီးအကူနဲ့အဲ့ဒီလူရဲ့မျက်နှာကိုမြင်လိုက်ရသည်။

သူမနဲ့တစ်ပုံစံထဲတူတဲ့မျက်နှာပဲဖြူဖတ်ဖြူရော်ဖြစ်နေပြီအကျယ်ကြီးဟထားတဲ့ပါးစပ်ထဲမှာသွေးနီရောင်လက်ကိုင်ပဝါတစ်ထည်ရှိနေတယ်မုန့်မုန်ကိုယ့်မျက်နှာကိုယ်ကိုင်ကြည့်တော့နူးညံ့ပြီးနွေးနေသေးတယ်လူတစ်ယောက်ရှိသင့်တဲ့အပူချိန်လည်းရှိတယ်သူမအောက်ဖက်ကလူကိုထိကြည့်လိုက်တော့တောင့်တင်းစွာအေးစက်နေပြီပင်။

သူမရဲ့အလောင်းပဲလည်ချောင်းမှာတစ်ခုခုတစ်ဆို့နေသလိုမျိုးတံတွေးတောင်မျိုချ၍မရသူမဆီကနေကြောက်လန့်တကြားအော်သံထွက်လာသည်--"အားအားအား!!!"

မုန့်မုန်ရဲ့လှောင်ပြောင်ခြင်းကိုခံရပြီးနောက်ဖန့်ကျစ်ရုံတခြားတစ်ဖက်ကိုဦးတည်သွားလိုက်သည်။မထင်ထားတာကသူနှစ်လှမ်းတောင်မလှမ်းရသေးအနောက်ဖက်ရှိမုန့်မုန်၏ကြောက်လန့်တကြားအော်သံကိုကြားလိုက်ရသည်။ဖန့်ကျစ်ရုံလန့်သွားကာနောက်လှည့်ကြည့်လိုက်ချိန်ဘာဖြစ်လို့လဲမသိမြေပေါ်လဲကျနေလျက်မျက်နှာကလည်းသရဲတစ်ကောင်လိုမျိုးဖြူစုတ်နေ၏။ဘာဖြစ်တာလဲလို့မမေးရခင်မှာပဲမြေကြီးပေါ်ကနေကုန်းထလာပြီးဖန့်ကျစ်ရုံဆီအမြန်ကြည့်ကာအသံအက်အက်ဖြင့် : "စောင့်ဦးဖန့်ကျစ်ရုံနင်အရင်မသွားနဲ့--"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now