အပိုင်း ၆၄ [ အိမ်မက် ] (10)

893 135 4
                                    

အပိုင်း ၆၄ [ အိမ်မက် ] (10)

⟨⟨ဖော်ထုတ်ချက်⟩⟩

စုန့်ချင်းလော်ကတမင်နောက်နေတယ်လို့ခံစားရသည်။ဒါပေမဲ့ဒီလိုစနောက်မှုမျိုးကလွန်နေတယ်မဟုတ်လား

ဒေါသကြောင့်လား,ရှက်ရွံ့မှုကြောင့်လားမသိသူ့မျက်လုံးပါနီရဲလာသည်ကိုတွေ့တော့စုန့်ချင်းလော်ကအခက်တွေ့အောင်ထပ်မလုပ်တော့,အကြည့်ကတော့ခုနကထက်မှောင်သွားကာဘာမှမဖြစ်ခဲ့သလိုမျိုး : "မင်းနေ့တိုင်းအိမ်မက်မက်နေတာလား?"

လင်ပန့်ရှရဲ့နှလုံးဟာအရူးအမူးခုန်လာသည်။စုန့်ချင်းလော်ရဲ့အမူအရာကပြန်တည်ငြိမ်သွားကာသူအတည်ပြောနေလားနောက်နေတာလားဆိုတာကိုသဘောမပေါက်နိုင်ပေ။ဒါ‌ကြောင့်အံကြိတ်လိုက်ရင်းစိတ်ထဲမထားသလိုပြောလိုက်သည် : "နီးပါးလောက်.......အင်း"

"ဘာကိုမက်လို့လဲ?"စုန့်ချင်းလော်ကပြောလာသည်။

အိမ်မက်ထဲကအားလုံးကိုစုန့်ချင်းလော်ဆီပြန်ပြောပြလိုက်သည်။စုန့်ချင်းလော်ကနားထောင်ပြီးနောက်လင်ပန့်ရှကိုသုံးသပ်ပေးသည် : "ဒါဆိုမင်းအိမ်မက်ထဲကနေသင်ခန်းစာရလာတာပေါ့သေခြင်းတရားကသာအိမ်မက်ထဲကနေခေါ်ထုတ်လာနိုင်တယ်ဟုတ်တယ်ဟုတ်?"

လင်ပန့်ရှ : "ဟုတ်တယ်"

"ဒါဆိုမင်းအိမ်မက်ဆိုးထဲမှာမရှိရင်ရော?"စုန့်ချင်းလော်ကဆိုတယ် "ကိုယ်ထင်တာတော့,ဒီလိုအိမ်မက်မျိုးကသေတာရယ်နိုးတာရယ်ကိုရောထားတာတကယ်လို့မင်းလက်တွေ့မှာရှိနေရင်ကိုယ်ကအိမ်မက်နေလား,တကယ့်လက်တွေ့မှာရှိနေလားဆိုတာဘယ်လိုသိနိုင်မှာလဲ?"

လင်ပန့်ရှ : "အိမ်မက်ထဲမှာဆိုရင်မနာကျင်နိုင်ဘူးထင်တယ်"

စုန့်ချင်းလော် : "ဒါလည်းဖြစ်နိုင်တယ်"

လင်ပန့်ရှ : "မင်းအရင်ကငါ့ကိုယ်ကိုစစ်ကြည့်ဖူးတယ်......."ကြိုတင်ကာကွယ်မှုလုပ်တာလားလို့စုန့်ချင်းလော်ကိုမေးကြည့်ချင်ပေမဲ့စုန့်ချင်းလော်ကတော့မျက်နှာထူထူနှင့်သူ့ကိုမျက်တောင်ခတ်ပြကာ : "ကိုယ်အမြတ်ယူချင်လို့"

လင်ပန့်ရှမျက်ပြူးသွားသည် : "မင်းလာနောက်နေတာလား?"

စုန့်ချင်းလော် : "နောက်နေတာမဟုတ်ဘူး"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now