အပိုင်း ၆၉ [ အိမ်မက် ] (15)

716 142 2
                                    

အပိုင်း ၆၉ [ အိမ်မက် ] (15)

⟨⟨ဖြေရှင်းရန်ခက်သည့်အချက်⟩⟩

ကြောက်စရာအကောင်းဆုံးကတော့ကိုယ့်အကျင့်တွေကသားကောင်တွေနဲ့တူနေတာ ကိုယ့်ကိုယ်လှီးဖြတ်တယ် တစ်ယောက်ထဲရေရွတ်တယ် နောက်ဆုံးတခြားလူကိုတိုက်ခိုက်တယ် စိတ်ဆင်းရဲဖွယ်ထပ်သေသွားတယ်

ကျန်တဲ့ညကိုတော့ ဘယ်လိုမှအိပ်လို့မရတော့ ပြတင်းပေါက်အပြင်ဘက်ကမိုးသံက‌လည်းတစ်လျှောက်လုံးမရပ်ပေ။အလွန်စိတ်တည်ငြိမ်စေတဲ့မိုးသံကဖြစ်ပေမဲ့အိမ်မက်လို့သေချာနေတာကြောင့်အနှောင့်အယှက်ဖြစ်စေသည်။ဒီမိုးရဲ့ သားကောင်ကဘယ်သူဖြစ်မယ်မသိ ဘယ်သူပဲဖြစ်ဖြစ် သူမပျော်ပါ

မတွေ့တာကြာပြီဖြစ်တဲ့ပိတ်ရက်ရောက်လာပြန်သည်။အခန်းဖော်များဟာပျင်းရိစွာအိပ်နေကြပေမဲ့လင်ပန့်ရှကတော့အိပ်မပျော်တာကြောင့်စောစောထပြီးလွယ်အိတ်ဆွဲကာစာသင်ခန်းထဲသွားဖို့လုပ်သည်။စာသင်ခန်းဆီသွားတော့မိုးရပ်သွားပြီဖြစ်သော်လည်းတိမ်မည်းများဟာကောင်းကင်ပေါ်တွင်ရှိနေသေးသည်ဖြစ်ကာအိမ်မက်ထဲရှိအရိပ်ကြီးကိုသတိရစေသည်။

ပိတ်ရက်ရဲ့ကျောင်းဝင်းဟာအလွန်တိတ်ဆိတ်နေသည်။ရေကွက်တွေကိုနင်းရင်းစာသင်ဆောင်အောက်ရောက်လာသည်။စာသင်ဆောင်ရဲ့ဘေးမှာရေကန်တိမ်လေးတစ်ခုရှိသည်။ရေအနက်ကခြေထောက်လေးကိုတောင်မဖြတ်နိုင် အထဲတွင်ရေ‌ဗေဒါနှင့်ကြာပန်းများပေါက်နေ၏။ကန်ဘေးမှာ ကျောင်းအင်္ကျီဝတ်ထားတဲ့ကျောင်းသားတစ်ယောက်လှဲနေသည်။ခေါင်းငုံ့နေသည်မှာရေကန်ထဲကနေတစ်ခုခုရှာနေသည်ထင် ကန်ထဲကျသွားတဲ့ပစ္စည်းတစ်ခုခုကိုရှာနေတယ်ထင်တာကြောင့်စာသင်ဆောင်ထဲသွားဖို့လုပ်သည်။နှစ်လှမ်းလှမ်းပြီးနောက်တစ်နေရာရာကမှားနေတယ်ဆိုတာခံစားမိလိုက်၍လှည့်ကြည့်လိုက်ပြီးအော်ကြည့်လိုက်လးသည် : "အတန်းဖော် မင်းအဆင်ပြေရဲ့လား?"

ကျောင်းသားကပြန်မဖြေ လင်ပန့်ရှစိတ်ထဲမှောင်မဲသွားကာအမြန်လျှောက်သွားလိုက်သည်။နီးသွားချိန်မှာ အဲ့ဒီကျောင်းသားရဲ့လက်ကလှုပ်နေသေးသည်ကိုသတိထားမိလိုက်သည်။ငါပဲစိုးရိမ်နေတာများလား : "အတန်းဖော်?မင်းဘာလုပ်နေတာလဲ?"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now