အပိုင်း ၆၁ [ အိမ်မက် ] (7)

911 154 2
                                    

အပိုင်း ၆၁ [ အိမ်မက် ] (7)

⟨⟨စစ်ဆေးခြင်း⟩⟩

လင်ပန့်ရှအံ့ဩသွားကာချက်ချင်းရှောင်လိုက်သည်။ဒါပေမဲ့လက်ကိုခြစ်မိသွားသည်။သူကလည်းအရမ်းမြန်တာကြောင့်ကျန်းရှင့်ရဲ့ပခုံးကနေကန်ချလိုက်သည်။ကျန်းရှင့်ဟာဒူးထောက်ထားသည်ကြောင့်လင်ပန့်ရှတစ်ချက်ကန်လိုက်သည်နှင့်ကုတင်ပေါ်မှပြုတ်ကျမတတ်ယိုင်ထိုးသွားသည်။ကျန်းရှင့်ဟာကိုယ်ဟန်အနေအထားတည်ငြိမ်စေရန်ကုတင်ဘေးရှိတိုင်ကိုကိုင်လိုက်သည်။

လင်ပန့်ရှရုန်းကန်နေသည်ကြောင့်ကျန်းရှင့်ရဲ့အမူအရာမှာလည်းပိုပြောင်းလာရင်းအသံပါကျယ်လာသည် : "လင်ပန့်ရှ,ငါကမင်းကိုကူနေတာလေ--မင်းဘာလို့အခြေအနေကိုမသိရတာလဲ--"

ပြောပြီးတာနဲ့လင်ပန့်ရှရဲ့ပခုံးကိုဖမ်းကိုင်လိုက်ပြီးလက်ထဲကဓားဟာလည်းလင်ပန့်ရှမျက်နှာပေါ်ရောက်လာသည်။ရုန့်ရင်းဆန်ခတ်ဖြစ်နေတုန်းမိမိကိုယ်ကိုကာကွယ်ဖို့တစ်ခုခုရှာရန်ကုတင်ဘေးလျှောက်စမ်းကြည့်လိုက်သည်။ဆလင်ဒါပုံစံခပ်မာမာတစ်ခုကိုစမ်းမိလိုက်သည်။ဒါကစုန့်ချင်းလော်ပေးထားတဲ့ဘောပင်ပဲသူကြည့်ပြီးတာနဲ့ကုတင်ပေါ်မှာချထားလိုက်သည်။

ကျန်းရှင့်လက်ထဲကဓားဟာလင်ပန့်ရှပေါ်ကျလာသည်။လင်ပန့်ရှဘာကိုမှဂရုမစိုက်နိုင်တော့ပဲဘောပင်အဖုံးဖွင့်ကာကျန်းရှင့်ရဲ့ပခုံးပေါ်ပြင်းပြင်းထိုးချလိုက်သည်။

လင်ပန့်ရှလက်ထဲ‌တွင်လက်နက်ရှိနေမယ်မထင်ထားလုံးဝသတိမထားမိပဲအထိုးခံလိုက်ရသည်။အသံစူးစူးနဲ့တစ်ချက်အော်လိုက်ပြီးအနောက်ဆုတ်သွားသည်။လင်ပန့်ရှလည်းအခွင့်အရေးကိုလက်မလွှတ်ပဲတိုင်ကနေခုန်ဆင်းလိုက်ပြီးအော်ပြောလိုက်သည် : "ကျန်းရှင့်ရူးသွားပြီ--အမြန်ရဲတိုင်လိုက်--"

ဤလှုပ်ရှားမှုကြောင့်အဆောင်တစ်ခုလုံးလန့်နိုးလာကြသည်။သတ္တိနည်းသူတွေမှာအော်ဟစ်နေကြသည်။အိပ်ဆောင်မှာဆယ့်တစ်နာရီကျော်ဆိုရင်မီးပျက်နေပြီဖြစ်တာကြောင့်နေရာတိုင်းမှောင်မည်းနေသည်။လင်ပန့်ရှလည်းကြာကြာမစောင့်ရဲပဲညဝတ်အင်္ကျီနဲ့သာပြေးထွက်လာသည်။တိုက်အောက်ထိပြေးဆင်းလာပြီးနောက်မြေညီထပ်တွင်တာဝန်ကျနေသည့်လောင်ရှစ်းအားတွေ့လိုက်ရသည်။တစ်ကိုယ်လုံးသွေးဖုံးမတတ်ဖြစ်နေတဲ့လင်ပန့်ရှရဲ့ပုံစံကိုမြင်တော့ရုတ်တရက်လန့်သွားသည်။တစ်ယောက်ယောက်ကလူသတ်နေတယ်ကြားတော့ချက်ချင်းရဲတိုင်လိုက်သည်။ဆက်ပြီးလင်ပန့်ရှကိုဒီမှာပဲစောင့်နေရန်,သူကတော့အခြေအနေသွားကြည့်ဦးမယ်ဟုပြောသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now