အပိုင်း ၈ [ အခန်း 1303 ] (8)

1.6K 261 11
                                    

အပိုင်း ၈ [ အခန်း 1303 ] (8)

⟨⟨လင်ပန့်ရှ၏အလိုအလျောက်တုန့်ပြန်နိုင်သောအာရုံကြောဖွဲ့စည်းပုံ⟩⟩

သူဌေးရဲ့ နာနေတဲ့ခြေထောက်ကို ဖမ်းမိပြီးနောက် ဆိုင်ရှင်ဟာ နှိမ်ဈေးနဲ့ မင်္ဂလာဝတ်စုံကိုဝယ်ခဲ့၍ ပြန်လာခဲ့သည် ။ အဲ့ဒီညမှာပဲ သူမအောင့်အီးနိုင်ပဲနဲ့ မင်္ဂလာဆောင်ဝတ်စုံကို ပလတ်စတစ်မော်ဒယ်ကိုယ်ပေါ်သို့ ဝတ်ပေးလိုက်၏ ။ တကယ်ပဲသူ့ကိုစိတ်မပျက်စေခဲ့ပါဘူး။  ဆိုင်ပိတ်တော့မယ့်အချိန်မှာပဲ ငယ်ရွယ်တဲ့မိန်းကလေး တစ်ယောက်ကဆိုင်ထဲဝင်လာခဲ့သည် ။

ထုံးစံအတိုင်း မိန်းကလေးကဆိုင်ထဲဝင်ဝင်ချင်းမှာပဲ မော်ဒယ်အရုပ်ကိုယ်ပေါ်ရှိ လက်ထပ်ဝတ်စုံရှိရာသို့ ဆွဲဆောင်ခံလိုက်ရသည် ။ သူမကဈေးတောင်မမေးပဲ ချက်ချင်းဝယ်ဖို့ပြောလာခဲ့၏ ။

ဆိုင်ရှင်ကလည်း နည်းနည်းမှမတွန့်ဆုတ်ဘဲ ခေါင်ခိုက်နေတဲ့ ဈေးတစ်ခုကိုပြောလိုက်၏ ။ သူ့ဘက်ကကြည့်ရင် ဒီမင်္ဂလာဝတ်စုံက လက်ရာမြောက်တာကြောင့် ဈေးမြှင့်ခေါ်လည်း ကိစ္စမရှိပေ ။

မိန်းကလေးဟာ ဆိုင်ရှင်ရဲ့ဈေးကိုကြားပြီး သူငယ်ချင်းတစ်ယောက်ကို ချက်ချင်း ဖုန်းခေါ်လိုက်၏ ။ တကယ်ဆိုရင် ဆိုင်ရှင်ကမဖြစ်စ‌လောက်လေးပဲရင်းပေမယ့် အချီကြီးပြန်ရလိုက်သည် ။ ပိုက်ဆံရှင်းပြီး ဝတ်စုံကို ယူသွားတဲ့အချိန်ပြုံးပျော်ရင်းကျန်ခဲ့၏ ။

တစ်ခါထဲနဲ့ စီးပွားဖြစ်တာကြောင့် ဆိုင်ရှင်ကသီချင်းတောင်ညီးနေလိုက်၏ ။ ပျော်ပျော်ရွှင်ရွှင်နဲ့ မီးပိတ်ပြီး အိမ်ပြန်သွားသည် ။

နောက်ရက်ကျတော့ အရင်အတိုင်း ဆိုင်ဖွင့်ပြီး သန့်ရှင်းရေးဝင်လုပ်နေချိန်မှာ ရုတ်တရက် နေရာမှားနေကြောင်းတွေ့လိုက်ရသည် ။ အမျိုးသမီးမော်ဒယ်ရုပ်က____နေရာရွေ့နေသလိုပင် ။ ဆိုင်ရှင်ဟာ အဲ့ဒါကိုမြင်ပြီး ချက်ချင်း ပြာယာခတ်သွား၏ ။ ဆိုင်ထဲသူခိုးဝင်တယ်ထင်ပြီး အမျိုးသမီးမော်ဒယ်ရုပ်ကိုစစ်ရန် အမြန်အရှေ့ရောက်သွားသည် ။ ထိုအရာက ပစ္စည်းတစ်ခုဖြစ်ပေမယ့် သူ့ဆိုင်၏ ရတနာဖြစ်၏ ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now