အပိုင်း ၈၁ [ တစ္ဆေဈေး ] (6)

624 104 7
                                    

အပိုင်း ၈၁ [ တစ္ဆေဈေး ] (6)

⟨⟨အဲ့ထဲပြန်ဝင်မယ်⟩⟩

လင်ပန့်ရှစားလို့မပြီးခင်မှာပဲအရင်အတိုင်းအလုံထုပ်ပုံစံနှင့်လီစူးရောက်လာသည်။အခန်းထဲဝင်လာပြီးသူတို့နှစ်ယောက်အတွက်ပြင်ထားတဲ့လက်နက်တွေကိုထုတ်လာသည်။စုန့်ချင်းလော်ရဲ့လက်နက်ကသေနတ်ဖြစ်ပြီးလင်ပန့်ရှအတွက်တော့ဓားမြှောင်ဖြစ်သည်။

"လီရှင်းယွီနဲ့စွင်းရွှေတို့ကိုကာကွယ်ဖို့လူလွှတ်ပြီးပြီ မနက်တုန်းကတစ်ယောက်ယောက်စမ်းထိကြည့်လိုက်တယ် အဲ့ဒီလူကိုငါထားခဲ့တာ စစ်ဆေးကြည့်ပြီးတော့ဘာမှထူးခြားတာမရှိဘူး ဒီတိုင်းကူးစက်ခံရတဲ့တွဲဖက်ပဲ မင်းတို့စိတ်မချသေးရင်သွားကြည့်မလား?"

"မလိုဘူး"စုန့်ချင်းလော်ကဆိုတယ်

"ပြီးတော့......."

စုန့်ချင်းလော် : "ပြောလေ"

"တကယ်လို့သေနတ်သုံးဖို့မလိုရင်တတ်နိုင်သလောက်မသုံးနဲ့ မြို့ထဲမှာဆိုတော့သိပ်မကောင်းဘူး ပြီးတော့ ငါအထက်ကိုဆက်သွယ်ထားသေးတယ် မြို့ကိုပိတ်ထားဖို့လိုမလိုမေးတယ်"ကူးစက်မှုရဲ့အရင်းအမြစ် ဆက်ဖြစ်မှာကိုရပ်ဖို့ဆိုရင်အကောင်းဆုံးနည်းလမ်းကပိတ်သိမ်းလိုက်တာပဲ ဒါပေမဲ့အချက်အလက်ကဒီလိုဆက်ဖြစ်နေမယ်ဆိုရင်ပြီးပြည့်စုံတဲ့ပိတ်သိမ်းမှုကိုလုပ်ဖို့ပိုခက်မယ် ပုံမှန်အခြေအနေဆိုရင်တောင်တချို့လူတွေရဲ့မတော်တဆကိုသူတို့တမင်လုပ်နိုင်တယ် ပြီးရင်အဲ့ဒီမြို့ထဲကလူတွေကိုထွက်လာခိုင်းရမယ်

စုန့်ချင်းလော် : "အရင်ပိတ်ကြည့်တာပေါ့"

"ဒါဆိုအဲ့ဒီဘက်ကိုစဖို့ခေါ်လိုက်မယ်"လီစူးကပြောတယ် "သတင်းထပ်ရမှမင်းသွားရမယ်နော်..........ရိရှင်းဟယ်ရဲ့စစ်ဆေးမှုရလဒ်လည်းထွက်ပြီ"သူအသံနည်းနည်းတိုးလိုက်တယ် "အဲ့ဒီဆံပင်ကသူ့ဟာဆိုတာအတည်ပြုထားတယ်"

ဒီအချက်အလက်ကရိရှင်းဟယ်ရဲ့သေဆုံးမှုကိုအတည်ပြုပေးလိုက်သည်။

စုန့်ချင်းလော်ကခဏလောက်တိတ်သွားပြီးအင်းဟုအသံထွက်လာသည်။

လီစူးတွင်နောက်ဆက်တွဲလုပ်စရာကိစ္စရှိတာကြောင့်ထွက်သွားဖို့ပြင်သည်။ထရပ်လိုက်ချိန်မှာမျက်မှန်ကိုတမင်ဆွဲချွတ်လိုက်ပြီးလင်ပန့်ရှကို wink လုပ်ပြသည် : "မနေ့ကတုန်းကမင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ?"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now