အပိုင်း ၅၂ [ မိန့်မိန် ] (3)

1K 193 7
                                    

အပိုင်း ၅၂ [ မိန့်မိန် ] (3)

⟨⟨ကလေးဘဝ⟩⟩

လင်ပန့်ရှရဲ့အပြုံးကိုဟယ်ထရန်းလေကြည့်ရင်းအမည်မဖော်နိုင်စွာကြက်သီးထလာသည်။သူခြေတစ်လှမ်းတောင်ဆုတ်မိလိုက်မိပြီးလင်ပန့်ရှအားကြောက်လန့်တကြားကြည့်မိသည်။

လင်ပန့်ရှကတော့လုံးဝသတိမထားမိ : "ငါရှောင်ဟွားကိုဘယ်မှာရှာလို့ရလဲ?"

"ငါဘယ်လိုသိမှာလဲ"ဒီပြဿနာကိုလင်ပန့်ရှနဲ့ပြောနေတာကိုနောင်တရနေပြီသူစိတ်လှုပ်ရှားစွာနှုတ်ခမ်းသပ်လိုက်ပြီး : "ဒါပေမဲ့ငါ့ကိုပိုက်ဆံပေးရင်တော့ခင်ဗျားအတွက်တွေးကြည့်ပေးမယ်"သူစမ်းကြည့်လိုက်၏ "ခင်ဗျားအရင်ကိစ္စတွေကိုသိပ်မမှတ်မိဘူးမလား?ဒါကလည်းပုံမှန်ပါပဲနှစ်တွေဒီလောက်ကြာနေပြီကို.........."

ဟယ်ထရန်းလေတို့တစ်အိမ်လုံးပိုက်ဆံအတွက်သူ့ကိုပြန်လာဖို့ခေါ်တယ်ဆိုတာသိပေမဲ့သူ့ရဲ့စိုးရိမ်နေတဲ့ပုံကိုတွေ့တော့ဟာသပဲသူ့အပြုံးကပိုတောက်လာပြီး : "ပိုက်ဆံလိုချင်‌တယ်ပေါ့?ရတယ်လေရှောင်ဟွားကိုရှာပေးရင်မင်းကိုပိုက်ဆံပေးမယ်ယွမ်ငါးသိန်း--တစ်ယွမ်တောင်မလျော့စေရဘူး"

ဟယ်ထရန်းလေလင်ပန့်ရှအားအရူးတစ်ယောက်လိုကြည့်လိုက်သည် : "သူမကိုရှာပြီးခင်ဗျားဘာလုပ်မလို့လဲ?ခင်ဗျားနားမလည်သေးဘူးလား?သူမကလုံးဝလူမဟုတ်ဘူး--"

"မင်းပိုက်ဆံလိုချင်တယ်မလား?"

ဟယ်ထရန်းလေကထစ်ထစ်အအဖြင့် : "ဒါ‌,ဒါပေါ့"

လင်ပန့်ရှကအေးစက်စက်ဆိုတယ် : "ဒါဆိုသွားရှာလေ"

ဟယ်ထရန်းလေ လင်ပန့်ရှကိုကြည့်ရင်းစိမ်းသက်ထူးဆန်းမှုကိုခံစားနေရသည်။

"သူမကိုဘယ်အချိန်ရှာတွေ့တွေ့မင်းကိုအချိန်မရွေးပိုက်ဆံပေးလိုက်မယ်"လင်ပန့်ရှရဲ့အသံကရေခဲလိုအေးစက်နေသည်။

ဟယ်ထရန်းလေဘာမှမပြောတော့။လင်ပန့်ရှလည်းသူ့အဖြေကိုမလိုအပ်သူဟယ်ထရန်းလေကိုလက်ရမ်းပြလိုက်ပြီးနောက်မှတွေ့မယ်လို့ပြောရင်းဆင်းလာသည်။စုန့်ချင်းလော်သူ့နောက်ကနေလိုက်လာပြီးလင်ပန့်ရှလို့ခေါ်လာသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now