အပိုင်း ၅၅ [ အိမ်မက် ] (1)

1.5K 195 3
                                    

အပိုင်း ၅၅ [ အိမ်မက် ] (1)

⟨⟨ရိသွမ်း47777⟩⟩

ဆေးရုံမှထွက်လာပြီးနောက်တည်းခိုခန်းသို့အိတ်တွေသိမ်းကာပြန်ဖို့လုပ်သည်။

ကောင်တာကရှောင်မိန့်မှာနှစ်ယောက်ကိုမခွဲနိုင်သလိုမျိုးလာနောက်သည် : "သုံးရက်နေရင်ခြောက်ဆယ်ရာခိုင်နှုန်းသက်သာတာကိုနှစ်ရက်ပဲနေပြီးသွားတော့မယ်ပေါ့"

လင်ပန့်ရှတွေးကြည့်လိုက်တော့ကျိုးကြောင်း‌ဆီလျော်တာကြောင့်စုန့်ချင်းလော်နဲ့ဆွေးနွေးကြည့်လိုက်သည် : "လျှော့ဈေးထပ်စုရအောင်မဟုတ်ရင်ရှုံးလိမ့်မယ်"

စုန့်ချင်းလော်ကခဏလောက်တိတ်နေပြီးသဘောတူလိုက်သည်။အဲ့ဒါနဲ့ပဲအခန်းထဲအိတ်ပြန်ထားပြီးဒီနားဟိုနားလျှောက်ပတ်လိုက်သည်။မတူကွဲပြားတဲ့ခံစားချက်နဲ့မြို့ကိုလျှောက်ကြည့်တော့ရှုခင်းကနည်းနည်းကွဲနေတယ်မနေ့ညကမှတ်ဉာဏ်တွေအားလုံးသူ့ရဲ့ခေါင်းထဲပြန်ရောက်လာသည်။သူကျောင်းတက်ချိန်တုန်းကိစ္စတော်တော်များများကသက်ပြင်းချစရာပဲ

လင်ပန့်ရှကျောင်းတက်တုန်းကအနိုင်ကျင့်ခံရလားလို့စုန့်ချင်းလော်ကမေးလာသည်။

လင်ပန့်ရှတွေးရယ်လိုက်ပြီးခေါင်းရမ်းလိုက်သည် : "ဆွေမျိုးတွေကလွဲပြီးငါ့ကံကတစ်ချိန်လုံးကောင်းနေတာကျောင်းတက်တုန်းကဆရာမရောအတန်းဖော်တွေရောငါ့ကိုအရမ်းဂရုစိုက်ကြတာ........ပညာရေးထောက်ပံ့ကြေးလျှောက်ဖို့လည်းကူပေးတယ်အိမ်ကအင်္ကျီအဟောင်းတွေလည်းတိတ်တိတ်လေးယူလာပေးတယ်အနိုင်ကျင့်ခံရတာမရှိဘူး"

နားထောင်ပြီးတော့မှစုန့်ချင်းလော်စိတ်သက်သာရာရသွား၏။

"အလယ်တန်းတက်ပြီးတော့အိမ်ကကိစ္စတွေကိုမမှတ်မိတော့ဘူးအဲ့ဒါကြောင့်ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းဖြစ်တယ်အမြဲပိုက်ဆံရှာဖို့ပဲတွေးနေပြီးမိန့်မိန်ကိုခေါ်ထုတ်ပေးမယ်ပေါ့........နောက်တော့တက္ကသိုလ်တက်တယ်အခန်းဖော်ရှုံးတိကလည်းငါ့အပေါ်အရမ်းကောင်းတယ်ဘွဲ့ရပြီးတော့အလုပ်ထွက်လုပ်တယ်နောက်တော့.......မင်းနဲ့တွေ့‌တယ်"သူနောက်ဆုံးတစ်ခွန်းကိုပြောနေချိန်မှာအနည်းငယ်ရှက်နေသည်။ခံစားချက်ကိုအမည်မဖော်နိုင်ပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်သူ့စိတ်ထဲကနေစုန့်ချင်းလော်ကိုကျေးဇူးတင်ကြောင်းဖော်ပြချင်တယ်

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now