အပိုင်း ၄၈ [ လက်ကိုင်ပဝါပစ်ကြမယ် ] (ဆုံး)

1.3K 186 8
                                    

အပိုင်း ၄၈ [ လက်ကိုင်ပဝါပစ်ကြမယ် ] (ဆုံး)

⟨⟨ပွဲပြီးနောက်⟩⟩

လင်ပန့်ရှဘေးတံခါးကနေရိုလာကိုစတာဆီသို့အရူးအမူးပြေးသွားလိုက်သည်။ခုနကသူဘယ်နေရာမှာပြုတ်ကျသွားလဲဆိုတာသေချာမှတ်မိတယ်ခန္ဓာကိုယ်မှာတောင်အံ့ဩစရာလစ်ဟာမှုရှိနေသေးတယ်မွန်းတည့်ချိန်ဖြစ်နေသည်ကြောင့်နေရောင်တောက်ပနေလျက်ကစားကွင်းတစ်ခုလုံးရွှေရောင်အလင်းများဖြင့်လွှမ်းခြုံထား၏။မနေ့ညကကြောက်စရာကစားကွင်းကနှိုင်းယှဉ်၍မရအောင်တောက်ပနေသည်။လင်ပန့်ရှကောင်းကင်အလယ်ရှိရိုလာကိုစတာကိုတွေ့နေရပြီပင်။သံလမ်းအောက်ကစုန့်ချင်းလော်ကိုရော

စုန့်ချင်းလော်ကမြေကြီးပေါ်လှဲနေပြီးပင်ပန်းနေပုံရသည်။မျက်တောင်တစ်ဝက်ချထားကာပြာနုရောင်ကောင်းကင်ကြီးကိုကြည့်နေ၏။ကောင်းကင်အလယ်တွင်သန့်ရှင်းစင်ကြယ်သည့်တိမ်အထပ်ထပ်လွင့်မျောနေလျက်နေရောင်ကလည်းပြိုးပြိုးပျက်ပျက်နှင့်နွေးထွေးတဲ့ခံစားချက်ကိုပေးနေသည်။သူအိပ်ပျော်တော့မယ့်အချိန်မှာပဲရုတ်တရက်အရိပ်တစ်ခုကျလာတယ်

အရိပ်ရဲ့လေသံထဲမှာနွေးထွေးမှုနဲ့စနောက်မှုတွေပါနေ၏။မျက်နှာပေါ်လေနွေးနွေးတိုက်သွားသလိုပဲ "စုန့်ချင်းလော်မင်းအဆင်ပြေရဲ့လား?"

စုန့်ချင်းလော်မျက်စိဖွင့်ကြည့်တော့လင်ပန့်ရှရဲ့မျက်နှာကိုမြင်လိုက်ရသည်။

လင်ပန့်ရှရဲ့မျက်လုံးထောင့်ဟာကွေးနေလျက်ပုံမှန်လူတွေထက်အနည်းငယ်ဖျော့တော့သည့်ဆံပင်နှင့်နေရောင်အောက်တွင်‌ရွှေရောင်သန်းနေ၏။ကြည့်လိုက်တာနဲ့ပျော့ပျောင်းမှုနှင့်နွေးထွေးမှုကိုခံစားမိသည်။ဝါဂွမ်းပျော့လေးလိုမျိုးသူလက်ဆန့်ကာမထိန်းနိုင်တော့ပဲနူးညံ့စွာနှစ်ချက်ပွတ်သပ်မိလိုက်သည်။စုန့်ချင်းလော်မျက်တောင်ခတ်လိုက်ပြီးစိတ်ထဲရှိရုတ်တရက်ရေဆာမှုကိုထိန်းချုပ်လိုက်သည်။

"မင်းခြေထောက်ဘယ်လိုနေလဲ?"စုန့်ချင်းလော်ရဲ့ခြေထောက်မူမမှန်တာကိုလင်ပန့်ရှချက်ချင်းသတိပြုမိလိုက်၍စိုးရိမ်တကြီးမေးလိုက်၏။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now