အပိုင်း ၅၉ [ အိမ်မက် ] (5)

1K 159 6
                                    

အပိုင်း ၅၉ [ အိမ်မက် ] (5)

⟨⟨ထွက်ခွာရမယ့်နည်းလမ်း⟩⟩

မှာထားသည်ကိုစောင့်နေရင်းကျန်းရှင့်ရဲ့ကိစ္စကိုလင်ပန့်ရှမေးလိုက်သည်။မေးပြီးမှသိလိုက်ရတာကကိုယ့်အခန်းဖော်ကိုယ်စုန့်ချင်းလော်လောက်သိမနေဘူးသေချာပြန်စဉ်းစားကြည့်ပြီးမှအခန်းဖော်တွေရဲ့ရုပ်ကိုတောင်သိပ်မမှတ်မိဒါကအရမ်းထူးဆန်းနေတယ်မလားကျောင်းထဲမှာနေတာပဲနှစ်နှစ်ရှိနေပြီဘယ်လိုလုပ်အတန်းဖော်ရဲ့ရုပ်ကိုတောင်မမှတ်မိရတာလဲလင်ပန့်ရှမျက်မှောင်ကျုံ့လိုက်ကာ : "မင်းနဲ့ကျန်းရှင့်နဲ့အရမ်းရင်းနှီးတာလား?"

"မရင်းနှီးဘူး"စုန့်ချင်းလော်ရဲ့ခေါက်ဆွဲမှာအရင်ရောက်လာသည်။တူကိုဆွဲခွာလိုက်ပြီးအေးစက်စက်ဆိုသည် : "တကယ်တော့ကိုယ့်မှတ်ဉာဏ်ကအရမ်းကောင်းတယ်တွေ့ခဲ့တဲ့လူမှန်သမျှအကုန်မှတ်မိတယ်ဒါပေမဲ့......"

လင်ပန့်ရှ : "ဒါပေမဲ့?"

"ဒါပေမဲ့ကိုယ်ကျောင်းထဲမှာအသိမများဘူးအများဆုံးနှစ်ဆယ်ကျော်လောက်ပေါ့"

"မင်းမှတ်ဉာဏ်အရမ်းကောင်းတယ်လို့ပြောခဲ့တယ်မလား?"

"ဒါကပြဿနာဖြစ်နေတာ"စုန့်ချင်းလော်ကပြောတယ် "ကျောင်းထဲကတချို့လူတွေကိုကိုယ်ဘယ်နှစ်ခါပဲကြည့်ကြည့်သူတို့ရဲ့မျက်နှာကိုမမှတ်မိဘူးတချို့လူတွေကျတော့တစ်ခါပဲတွေ့ဖူးပေမဲ့ရင်းနှီးနေသလိုပဲ"သူခေါက်ဆွဲတစ်လုတ်ကိုယူလိုက်ပြီးပါးစပ်ထဲထည့်လိုက်သည်။

လူတော်တော်များများအစားစားတာကိုလင်ပန့်ရှမြင်ဖူးပေမဲ့စုန့်ချင်းလော်လိုကျေကျေနပ်နပ်နဲ့ခေါက်ဆွဲစားနေရရင်အကုန်စားနိုင်တဲ့ပုံစံကတော့တွေ့ရခဲသည် : "ငါတို့အတွေးလွန်နေတာများလား?"

စုန့်ချင်းလော်ကပြောလာတယ် : "မဖြစ်နိုင်တဲ့ဟာတွေမင်းမကြုံဖူးဘူးလား?"

လင်ပန့်ရှ : "……သေချာပေါက်ရှိတာပေါ့"သူဖုန်းသုံးတာကိုပြန်တွေးလိုက်ပြီးစုန့်ချင်းလော်ကိုသေချာပြောပြလိုက်သည်။

ပြောပြီးပြီးချင်းပါဝင်ပစ္စည်းအမျိုးမျိုးပါတဲ့ဆန်ခေါက်ဆွဲရောက်လာသည်။အမဲသား,နုတ်နုတ်စင်းထားတဲ့အသားငံပြာရည်ကြော်,ဝက်အူမကြီး,ချဉ်ဖတ်ရို့စေး,ကြက်အသည်းအမြစ်.........အမယ်တွေကြားအဓိကအစာဖြစ်တဲ့ဆန်ခေါက်ဆွဲကိုတောင်မတွေ့တော့များလွန်းသည်ကြောင့်ပိုကြီးသည့်ပန်းကန်လုံးကိုပါသုံးထားသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now