အပိုင်း ၅၀ [ မိန့်မိန် ] (1)

1.1K 197 39
                                    

အပိုင်း ၅၀ [ မိန့်မိန် ] (1)

⟨⟨မိန့်မိန်⟩⟩

လေထုဟာထပ်တိတ်သွားပြန်သည်။

စုန့်ချင်းလော်ကမထိုင်သေးပဲလင်ပန့်ရှဘေးမှာပဲရပ်နေသည်။ခဏလေးနဲ့သူသိလိုက်တယ်လင်ပန့်ရှရဲ့ဦးလေးလို့ခေါ်တဲ့လူကအတိတ်ကိုပြန်ပြောချင်နေတာပဲပတ်သက်မှုတစ်ခုကိုဆွဲချင်ပေမယ့်နှမြောစရာကအရင်ကကိစ္စလို့ပြောလိုက်တာနဲ့သူတို့ကြားမှာအကျပ်တွေ့မှုနဲ့တိတ်ဆိတ်မှုပဲရှိတယ်

"အချိန်မစောတော့ဘူး"လင်ပန့်ရှပြောလိုက်တယ် "ကျွန်တော်အိတ်အရင်သွားထားလိုက်မယ်မနက်ဖြန်မှခင်ဗျားကိုပြန်လာတွေ့ပါမယ်"သူထရပ်လိုက်ပြီးအပေါက်ဝဆီလျှောက်သွားချိန်ရုတ်တရက်သတိရသွားတယ် : "အခုမိန့်မိန်ဘယ်မှာကျောင်းတက်နေလဲ?"

သူဒါကိုပြောလိုက်တာနဲ့ဦးလေးရဲ့မျက်နှာကအတော်လေးပြောင်းသွားသည်။နှုတ်ခမ်းသပ်လိုက်ပြီးတစ်ခုခုပြောမလို့လုပ်ပေမယ့်နေ့တစ်ဝက်လောက်အသံထွက်မလာပေ။

လင်ပန့်ရှကသူ့ကိုကြည့်နေသည်။အဲ့ဒီအကြည့်ကအရမ်းရှင်းနေတယ်သေချာတဲ့အဖြေတစ်ခုကိုလိုချင်တယ်

"သူ........သူမက"နောက်ဆုံးတော့ပါးစပ်ဖွင့်လာပြီဖြစ်သည်။သူ့မျက်နှာသူနှစ်ချက်ပွတ်သုတ်လိုက်ကာလည်ချောင်းမှာလည်းအထက်အောက်ရွေ့သွားသည် : "သူမမြို့ပေါ်မှာကျောင်းတက်နေတယ်လေ"

"ကျောင်းတက်နေတယ်?"လင်ပန့်ရှပြောလိုက်တယ် : "မြို့ပေါ်ကကျောင်းကမရှိတော့ဘူးမဟုတ်လား?သူမကဘယ်လိုလုပ်မြို့ပေါ်မှာကျောင်းတက်နေမှာ?"

ဦးလေးဆီကအသံထွက်မလာတော့

လင်ပန့်ရှလိုက်မေးဖို့လုပ်တုန်းကုတင်ပေါ်ရှိဒေါ်လေးကရုတ်တရက်‌အသံကျယ်ကျယ်ဖြင့်အော်ညဉ်းလာတာမလို့ဦးလေးကသူနာပြုအမြန်ခေါ်လိုက်တယ်သူနာပြုကအမြန်စစ်လိုက်ပြီးအဆင်ပြေကြောင်းပြောလာသည်။သူမကအခုအသိစိတ်ရှိပုံမရပေမယ့်တကယ်တော့အသိရှိနေတာမလို့ပြဿနာတွေကိုလူနာရှေ့မှာမပြောတာအကောင်းဆုံးပဲသူမကိုလှုံ့ဆော်သလိုဖြစ်နေလိမ့်မယ်ဟုပြောလာသည်။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now