အပိုင်း ၁၆ [ တစ္ဆေပူးကပ်ခြင်း ] (5)

1.3K 214 0
                                    

အပိုင်း ၁၆ [ တစ္ဆေပူးကပ်ခြင်း ] (5)

⟨⟨စင်္ကြံလမ်းရှိပြတင်းပေါက်⟩⟩

စုန့်ချင်းလော်ရဲ့ဒဏ်ရာကိုဖြေရှင်းပြီးနောက် လင်ပန့်ရှ လျိုရှီးကိုတစ်ခေါက်သွားတွေ့ဖို့ဆုံးဖြတ်လိုက်သည် ။ လျိုရှီးကိုသတိပေးချင်တာကြောင့် ဖုန်းဆက်လိုက်ပေမယ့် ဖုန်းမကိုင်ပေ ။ လျိုရှီးရဲ့အိမ်နဲ့သိပ်မဝေးတာကြောင့်တိုက်ရိုက်သာသွားလိုက်သည် ။

လင်ပန့်ရှအရင်ကလျိုရှီးအိမ်ကို လျိုရှီးမွေးနေ့တုန်းက တစ်ခေါက်ရောက်ဖူးသည် ။ အဲ့အချိန်တုန်းကလျိုရှီးဒီကိုရောက်စတာရှိသေး၏ ။ သိတဲ့သူသိပ်မရှိသေးတာကြောင့် သူ့ကိုအထူးဖိတ်ခဲ့သည် ။ သူလျိုရှီးကိုမွေးနေ့ကိတ်တစ်လုံးပေးလိုက်ပြီး နှစ်ယောက်သားအခန်းထဲမှာ အရက်သောက်လိုက် အမြည်းစားလိုက် စကားပြောလိုက်နဲ့တစ်ညလုံးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့သည် ။ အဲ့ဒီအချိန်ကစပြီး လင်ပန့်ရှနဲ့ လျိုရှီးသူငယ်ချင်းဖြစ်လာသည် ။

တကယ်တော့လျိုရှီးနဲ့လင်ပန့်ရှကတူညီချက်တချို့ရှိသည် ။ သူတို့နှစ်ယောက်လုံးကအဝေးကနေဒီကိုလာခဲ့တာဖြစ်ပြီး ဘွဲ့ရပြီးတော့ ဒီပုံမှန်မဟုတ်တဲ့အလုပ်မှာ မမျှော်လင့်ပဲရှာတွေ့သည် ။

လင်ပန့်ရှတွေးရင်းတွေးရင်း လျိုရှီးရဲ့တိုက်အောက်ကိုရောက်လာသည် ။ ဓာတ်လှေကားထဲဝင်ပြီး ဂဏန်းတစ်ခုကိုနှိပ်လိုက်၏ ။ ခဏကြာတော့လျိုရှီးရဲ့အိမ်ပေါက်ကိုတွေ့လိုက်ရသည် ။

လျိုရှီးအိမ်ကဓာတ်လှေကားနဲ့မျက်နှာချင်းဆိုင်မှာရှိနေသည် ။ လင်ပန့်ရှ ဓာတ်လှေကားထဲကနေထွက်ပြီး တံခါးမခေါက်ရသေးခင်မှာပဲ အထဲကနေပြင်းပြင်းထန်ထန် ငြင်းခုန်ရန်ဖြစ်သံများနှင့် ငိုသံများကိုကြားလိုက်ရ၏ ။ အချိန်တစ်ခုကြာပြီးနောက် မျက်နှာတစ်ခုလုံးမျက်ရည်အပြည့်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ကအော်ငိုရင်း တံခါးဖွင့်လာသည် ။ အပြင်ဘက်ရှိလင်ပန့်ရှကိုတွေ့တော့ ကြည့်တောင်မကြည့်တော့ပဲ လင်ပန့်ရှကိုအားနဲ့ဝင်တိုက်သွားပြီး လင်ပန့်ရှနောက်ကဓာတ်လှေကားထဲအမြန်ဝင်သွားသည် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now