အပိုင်း ၃ [ အခန်း 1303 ] (3)

2K 292 2
                                    

အပိုင်း ၃ [ အခန်း 1303 ] (3)

⟨⟨ကွယ်ဝှက်ထားခြင်းများပေါ်လာခြင်း⟩⟩

ကျိလဲ့ရွှေဟာ အရမ်းလှုံ့ဆော်ခံထားရတဲ့အတွက် သူ့ရဲ့မျက်နှာကကျနေသည် ။ သူ့ရဲ့တုံ့ပြန်ပုံကလင်ပန့်ရှကို ထိန့်လန့်‌စေသည် ။ သူကအမြန် ဆောင့်‌‌ ဆောင့်ထိုင်လိုက်ပြီး ကျိလဲ့ရွှေကိုဆွဲဆိတ်လိုက်သည် ။ ထို့နောက် သူ့နဖူးကို တဖြတ်ဖြတ်ရိုက်လိုက်ပြီး ဘယ်နေရာကိုရိုက်ရင်ကောင်းမလဲလို့ စဉ်းစားလိုက်သည် ။ ကယ်ဆယ်ရေး 120 ကိုခေါ်လိုက်ရမလား စဉ်းစားနေတုန်းမှာပဲ ကျိလဲ့ရွှေနိုးလာခဲ့သည် ။

ကျိလဲ့ရွှေနိုးလာတဲ့အချိန် အခြေအနေသိပ်မကောင်းသေးပေ ။ သူဟာ ဆိုဖာပေါ်မှာ ရောထွေးနေရင်း ဖြူဆုတ်နေတဲ့မျက်နှာနဲ့ ဗလာမျက်လုံးများဖြင့် အခန်းရဲ့ထောင့်မှာရှိတဲ့ ပြတင်းပေါက်ကိုစိုက်ကြည့်နေသည် ။ လင်ပန့်ရှက ကျိလဲ့ရွှေ အသိပြန်ဝင်တဲ့အထိ သူ့နာမည်ကို အကြိမ်များစွာ ခေါ်နေခဲ့သည် ။ သူလင်ပန့်ရှကိုသနားခံ‌ နေတဲ့မျက်လုံးနဲ့ကြည့်လိုက်ပြီးတုန်ရင်စွာ ပြောလာသည် " ပန့်ရှ......ငါ...အဲ့ဒီပြတင်းပေါက်ကို ကြောက်နေတုန်းပဲ......အဲ့ဒီမှာ တစ်ကယ်ပဲ ပြတင်းပေါက်ရှိတာလား?"

"အင်း" လင်ပန့်ရှကသူ့သူငယ်ချင်းကို နှစ်သိမ့်လိုက်ပြီး "ပြတင်းပေါက်ပဲ ရှိတယ်နော်" သူက ကျိလဲ့ရွှေမယုံမှာကို စိတ်ပူတာကြောင့် ရပ်လိုက်ပြီး ပြတင်းပေါက်ဆီကို လျှောက်သွားလိုက်သည် ။ ထို့နောက် ပြတင်းပေါက်လော့ကိုမတင်လိုက်ပြီး ဖွင့်လိုက်သည် ။ ပြတင်းပေါက်အပြင်ဘက်က လေသံက ပိုတောင်ကြမ်းလာခဲ့သည်။ လေအေးများက တရွှီရွှီဖြင့် ဝဲနေခဲ့ပြီး လင်ပန့်ရှ၏ရင်ဘတ်ကို ရိုက်ခတ်လာခဲ့သည် ။

ပြတင်းပေါက်ရဲ့အပြင်ဘက်မှာ ကတ္တရာကဲ့သို့မဲမှောင်နေခဲ့သည် ။ ကြယ်ရော လရော မမြင်နိုင်ပေ ။ မည်းမှောင်နေသော ကောင်းကင်သာကျန်နေသည်မှာ ပါးစပ်ပေါက်ကြီးက လူကိုမျိုချနေသလို ။ လင်ပန့်ရှက ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး ကျိလဲ့ရွှေအား လှည့်ကြည့်လာသည် ။

ကျိလဲ့ရွှေဟာ လင်ပန့်ရှ ပြတင်းပေါက်ဖွင့်လိုက်တာကိုမြင်တဲ့အချိန် ရုတ်တရက် ထိန့်လန့်သွားပြီး ခေါင်းခါကာလင်ပန့်ရှကိုပြန်ပိတ်ဖို့ အသံတိတ်ပြောလာမှာ တစ်စုံတစ်ခုကလာတော့မလိုပင် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now