အပိုင်း ၄၇ [ လက်ကိုင်ပဝါပစ်ကြမယ် ] (9)

1K 186 23
                                    

အပိုင်း ၄၇ [ လက်ကိုင်ပဝါပစ်ကြမယ် ] (9)

⟨⟨ကစားပွဲပြီးဆုံး⟩⟩

နှစ်ယောက်လုံးသံလမ်းပေါ်စတက်ကြသည်။ရိုလာကိုစတာသံလမ်းကအစကတိုင်မတ်စောက်နေတော့ဘာကိရိယာမှသုံးလို့မရနိုင်ဘူးတွယ်တက်တယ်ဆိုတာကအရမ်းခက်ခဲတဲ့ကိစ္စပဲအောက်မှာလည်းဆယ်မီတာကျော်တဲ့ကွန်ကရစ်ပဲရှိတယ်ပြုတ်ကျတာနဲ့ချက်ချင်းသေမှာကျောင်းသားများဟာဒါကိုကြည့်ရင်းစိုးရိမ်လာတယ်ရှန်ကျွင်းယန့်ကတော့ရင်ဘတ်ကိုအုပ်ထားရင်းတစ်ခုခုကိုရေရွတ်နေ၏။

လင်ပန့်ရှနဲ့စုန့်ချင်းလော်ကတော့အေးအေးဆေးဆေးပဲလင်ပန့်ရှအပေါ်တက်ပြီးတော့ရိုလာကိုစတာသံလမ်းကသူထင်ထားတာထက်တက်ရတယ်သံလမ်းတစ်ကွက်တစ်ကွက်ကလှေကားကိုတွယ်တက်နေရသလိုပဲထောင့်ကြောင့်လည်းအားနဲ့တွယ်တက်မှအပေါ်ရောက်မယ်

စုန့်ချင်းလော်ရှေ့ကနေတက်သွားတာအရမ်းမြန်တယ်လင်ပန့်ရှသူ့အရှိန်ကိုမှီအောင်အတင်းလိုက်နေရ၏။ပထမဆုံးကွေ့ကိုရောက်တော့စုန့်ချင်းလော်အရှိန်နှေးလိုက်သည်။လင်ပန့်ရှမလိုက်မှာစိုး၍ထင်သည်။

လင်ပန့်ရှအဆင်ပြေနေသေးတယ်လို့ထင်တာကြောင့်ခေါင်းမော့ရင်းအော်လိုက်တယ် : "အဆင်ပြေတယ်ငါလိုက်နိုင်တယ်"

စုန့်ချင်းလော်ကပြောတယ် : "အေးဆေးပေါ့"

လင်ပန့်ရှနောက်ကိုကြည့်လိုက်တော့ရှန်ကျွင်းယန့်နဲ့ကျောင်းသားတွေကိုမတွေ့တော့ဘူး : "မြန်ရမှာပေါ့တစ်နာရီလည်းတစ်နာရီပဲရတယ်အချိန်ကျရင်ရှန်ကျွင်းယန့်သေသွားလိမ့်မယ်"

စုန့်ချင်းလော်အသံပြုလာပေမယ့်မပြောင်းမလဲအရှိန်တိုးမလာပေ။

မပြောင်းမလဲအရှိန်နဲ့တစ်လှမ်းပြီးတစ်လှမ်းသွားရင်းဒုတိယမြောက်အကွေ့အကောက်ဆီရောက်လာသည်။မတ်စောက်လှသည့်တောင်များကိုဖြတ်ပြီးနောက်ရိုလာကိုစတာပေါ်တွင်တွေ့လိုက်ရသည့်သံလမ်းပြတ်နေရာကိုရောက်ခါနီးနေပြီပင်။လင်ပန့်ရှမော့ကြည့်လိုက်တော့သံလမ်းအပြည့်အစုံကိုမြင်နေရပြီ။လက်တွေ့နဲ့ဆက်ထားတဲ့နေရာကဝေးနေသေးတယ်ဒါပေမဲ့စုန့်ချင်းလော်ဆင်းတော့အရှိန်အပြည့်နဲ့လင်ပန့်ရှအစကတော့နားမလည်သေးပေမယ့်အရှေ့ကိုဖြတ်ချိန်မှာမြင်ကွင်းကရုတ်တရက်ပြောင်းသွားတယ်--ပြတ်နေတဲ့သံလမ်းကသူ့‌ရှေ့ပေါ်လာတယ်မီတာတစ်ဝက်တောင်မရှိတော့ဘူးနည်းနည်းထပ်သွားလိုက်တာနဲ့ကျသွားမှာ

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now