အပိုင်း ၃၃ [ ကတိပြုထားသောမြေ ] (6)

1.1K 186 7
                                    

အပိုင်း ၃၃ [ ကတိပြုထားသောမြေ ] (6)

⟨⟨တွေ့ဆုံခြင်း⟩⟩

သူမပျင်းရိစွာသမ်းလိုက်ပြီးမီးပုံဘေးထိုင်နေတဲ့ရှဲ့အာကိုက်ကိုတွေ့တော့ပြုံးလိုက်ရင်း "ကောင်းသောညပါရှဲ့အာကိုက်"

"ကောင်းသောညပါ" သူ့အသံကမသဲမကွဲဖြစ်နေ၏။ပုံမှန်ရက်တွေရဲ့အသံလောက်မရှင်းလင်းပေ ။ သူအရင်လိုကြိုးစားပြောချင်ပေမယ့်မျက်နှာပေါ်ကတောင့်တင်းမှုကိုမထိန်းချုပ်နိုင်ပေ"အိပ်ရတာဘယ်လိုနေလဲ?"

"အဆင်ပြေပါတယ်"ရီးလျန်နကပြောတယ်"နင်အိပ်တော့လေ"

"ဟို......တစ်နေရာရာကမသက်မသာဖြစ်နေတာရှိလား?"ရှဲ့အာကိုက်အသံတိုးတိုးနဲ့ဆိုသည် ။

"မသက်မသာဖြစ်တာ?မရှိဘူးလေ" ရီးလျန်နကိုယ်တိုင်ဘာဖြစ်နေတယ်ဆိုတာမသိလောက်သူမလွယ်အိတ်ပေါ်တက်ထိုင်လိုက်ပြီး "ငါနေလို့ကောင်းပါတယ်နင်အိပ်လို့ရတယ်"

ရှဲ့အာကိုက်မသဲမကွဲနဲ့ကောင်းပြီလို့ပြောလိုက်၏ ။

ဒါပေမဲ့အိပ်မယ်ပြောပေမယ့်သူဘယ်လိုလုပ်ထပ်အိပ်နိုင်တော့မှာလဲမြေကြီးပေါ်လှဲလိုက်ပြီးမျက်လုံးတစ်ဝက်ဖွင့်ထားသည် ။ မျက်လုံးအဟကနေညစောင့်မယ့်ရီးလျန်နကိုချောင်းကြည့်နေလိုက်သည်။သူမကမီးပုံဘေးခဏထိုင်ပြီးရှဲ့အာကိုက်ကိုကျောပေးလိုက်သည် ။ တကြွပ်ကြွပ်မြည်သွားပြီးလွယ်အိတ်ထဲကနေတစ်ခုခုထုတ်လိုက်သလိုပဲနောက်တော့ရှဲ့အာကိုက်မနေ့ညကသူ့ကိုနှိုးလိုက်တဲ့အသံကိုပြန်ကြားလိုက်ရတယ်အဲ့အချိန်မှာသူသေချာသွားတာကလုံးဝကြောက်စရာကောင်းတဲ့ဝါးသံပဲ

အသားကိုဝါးနေသလိုမျိုးဆွဲဖြဲနေသေးတယ်ခုနကရီးလျန်နရဲ့မှတ်စုစာအုပ်နဲ့ဆက်စပ်ကြည့်လိုက်ရင်ရှဲ့အာကိုက်ကြက်သီးထလာသည်။သူရီးလျန်နကိုမကောင်းဆိုးဝါးတစ်ကောင်လိုစိုက်ကြည့်နေပြီးနည်းနည်းလေးမှသတိမလွတ်ရဲပေ

ကျန်တဲ့တစ်ညလုံးရီးလျန်နတစ်ခုခုကိုပဲစားနေ၏။မိုးလင်းတော့မှသူမရပ်သွားသည်ရှဲ့အာကိုက်ထိုင်လိုက်ပြီးသူမကဘာကြီးလဲဆိုတာအရမ်းမေးချင်ပေမယ့်စိတ်ထဲမှာတော့တုံ့ဆိုင်းနေတယ်ဒီဟာကရီးလျန်နမဟုတ်ဘူးဆိုတာသူမဆုံးဖြတ်နိုင်ဘူးသူအရေခွံချွတ်လိုက်ရင်ပြင်းပြင်းထန်ထန်တစ်ခုခုဖြစ်သွားနိုင်တယ်

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now