အပိုင်း ၂၈ [ ကတိပြုထားသောမြေ ] (1)

1.7K 207 22
                                    

အပိုင်း ၂၈ [ ကတိပြုထားသောမြေ ] (1)

⟨⟨စတွေ့ခြင်း⟩⟩

ဒီပုံစံကထူးဆန်းပြီးကြောက်ဖို့ကောင်းနေခဲ့တယ်လင်ပန့်ရှကျိလဲ့ရွှေသူ့ကိုနောက်နေလားလို့တောင်သံသယဝင်မိပေမယ့်သူစစ်ကြည့်ပြီးချိန်မှာတော့ကျိလဲ့ရွှေနောက်နေတာမဟုတ်ဘူးဆိုတာသေချာသွားတယ်သူခဏလောက်တုံ့ဆိုင်းသွားပြီးဆိုလိုက်သည် : "လဲ့ရွှေမင်းရဲ့နောက်ကျောပေါ်မှာဘာကြီးလဲ?"

ကျိလဲ့ရွှေကပြောတယ် : "အာ?"

လင်ပန့်ရှကဆိုတယ် : "မင်းနောက်ကျောမှာကပ်နေတဲ့ဟာလေ.........."

"အော်မင်းရှောင်ခူးကိုပြောတာလား"ကျိလဲ့ရွှေလင်ပန့်ရှဘာပြောနေလဲဆိုတာသိတယ်သူကပြုံးလိုက်ရင်းနောက်ကျောပေါ်ကအရိုးစုလေးကိုယူလိုက်ပြီးသူ့ရဲ့မျက်နှာကိုအမူအရာရောလှုပ်ရှားမှုရောနူးညံ့နေလျက်ကိုင်လိုက်ကာပြော၏ "မင်းသွားတဲ့နေ့တွေတုန်းကသူပဲင့ါကိုအဖော်ပြုပေးနေတာလေ"

လင်ပန့်ရှရဲ့အမူအရာကပိုထူးဆန်းသွားပြီးကျိလဲ့ရွှေနဖူးပေါ်လက်တင်လိုက်သည် ။ သူဖျားမနေတာသေချာပါတယ် : "မင်းတကယ်ပဲ........ဘာမှမဖြစ်ခဲ့ဘူးလား?"

ကျိလဲ့ရွှေကအံ့ဩသွားပြီး : "မင်းအရမ်းထူးဆန်းနေတယ်ခရီးတစ်ခေါက်ထွက်သွားတာကိုဘာလို့များရှောင်ခူးကိုမေ့သွားရတာလဲသူငါတို့နဲ့နေတာအရမ်းကြာနေပြီမဟုတ်လား?"

လင်ပန့်ရှ : "........" ကောင်းပြီကျိလဲ့ရွှေပုံမှန်မဟုတ်ဘူးဆိုတာသေချာသွားပြီ

သူဘာမှမပြောတော့ပဲလှည့်ထွက်သွားပြီးစုန့်ချင်းလော်ကိုသွားရှာလိုက်၏ ။

စုန့်ချင်းလော်ကခရီးဆောင်အိတ်ကိုသိမ်းနေချိန်လင်ပန့်ရှရဲ့လေးနက်တဲ့အမူအရာနဲ့အခန်းထဲဝင်လာတာကိုတွေ့လိုက်ရတယ် : "စုန့်ချင်းလော်ကျိလဲ့ရွှေတစ်ခုခုဖြစ်နေသလိုပဲ"

စုန့်ချင်းလော်ကလှည့်မလာပဲ : "ဘာဖြစ်လို့လဲ?"

လင်ပန့်ရှကပြောတယ် : "သူအရိုးစုတစ်ခုကိုပိုးထားပြီးအဲ့ဒီအရိုးစုကသူ့သူငယ်ချင်းလို့ပြောတယ်......."

စုန့်ချင်းလော်ရဲ့လှုပ်ရှားမှုတွေရပ်သွားသည် ။

လင်ပန့်ရှဆက်ပြောလိုက်တယ် : "အရိုးစုနဲ့သိတာအရမ်းကြာပြီလို့လဲပြောသေးတယ်_သူတစ်ကယ်ပဲအဆင်ပြေရဲ့လား?"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now