အပိုင်း ၂၆ [ မရဏပျော်ပွဲ ] (8)

1.1K 228 4
                                    

အပိုင်း ၂၆ [ မရဏပျော်ပွဲ ] (8)

⟨⟨အိမ်ပြန်ခြင်း⟩⟩

ဟယ့်ဟွိုင်အန်းပန်းကန်ကိုကိုင်ထားတာကြောင့်စွပ်ပြုတ်ရဲ့အနွေးဓာတ်ကိုခံစားမိသည် ။ ပန်းကန်လုံးကသူ့လက်ဖဝါးထဲရှိနေချိန်အကြည့်များကလည်းပျံ့လွင့်နေ၏ ။ ပထမဆုံးတစ်ဇွန်းကိုပါးစပ်ထဲဖြည်းဖြည်းချင်းပို့လိုက်သည် ။ သောက်လိုက်တာနဲ့နွေးထွေးမှုကိုခံစားလိုက်ရ၏ ။

ဇွန်းကသူ့ပါးစပ်နဲ့ထိသွားတဲ့ခဏမှာပဲအေးခဲလှတဲ့အအေးဓာတ်ကသူ့ခြေချင်းဝတ်အထိပျံ့နှံ့သွားသည်။ သူ့ကျောရိုးကနေဝိညာဉ်အထိဝင်ရောက်ရိုက်ခတ်သွားသလိုပင် ။ ဟယ့်ဟွိုင်အန်းရုတ်တရက်တုန်လှုပ်သွားပြီးအမှန်မဟုတ်တဲ့‌‌နွေးထွေးမှုကနေနိုးထလာသည် ။ သူပြုံးနေတဲ့ရွာသူကြီးကိုကြည့်လိုက်လက်ထဲရှိစွပ်ပြုတ်ကိုကြည့်လိုက်နဲ့ပြန်လှည့်လို့မရတဲ့ကိစ္စကိုလုပ်မိတော့မည်ဖြစ်ကြောင်းနားလည်လိုက်သည် ။

"ခင်ဗျား.....ခင်ဗျားရောမသောက်ဘူးလား?" ဟယ့်ဟွိုင်အန်းလှုပ်ရှားမှုကိုရပ်လိုက်ပြီးအခုလေးတင်မေးတဲ့မေးခွန်းကိုပဲပြန်မေးလိုက်သည်။ ဒီတစ်ခါတော့ဆန္ဒကြီးကြီးမားမားထပ်မရှိဝောာ့ပေ ။

ရွာသူကြီးရဲ့အပြုံးကအေးစက်လျက်ဟယ့်ဟွိုင်အန်းကိုအေးစက်စက်ကြည့်နေပြီးဘာမှမပြောပေ ။

ဟယ့်ဟွိုင်အန်းမသက်မသာခံစားရတာကြောင့်နေရာကနေထလိုက်ပြီးအနောက်ကိုခြေတစ်လှမ်းဆုတ်ချင်ပေမယ့်တစ်ခုခုကသူ့ခြေချင်းဝတ်ကိုဖမ်းဆွဲထားသည် ။ ခေါင်းငုံ့ကြည့်လိုက်တော့မှမိုရှင်းစေးရဲ့လက်ကသူ့ခြေထောက်ကိုတင်းတင်းကျပ်ကျပ်ဖမ်းကိုင်ထားသည် ။ အသားအရေကအေးစက်နေပြီးသူ့ကိုတူဖြင့်ထုနှိုးလိုက်သလိုပင် ။

မိုရှင်းစေးကသေပြီမဟုတ်လား?ဘယ်လိုလုပ်လှုပ်နိုင်တာလဲ__ဟယ့်ဟွိုင်အန်းနောက်ကျောကနေချွေးအေးတွေထွက်လာအရင်အတိုင်းအသက်မရှိတဲ့မိုရှင်းစေးကိုတစ်ချက်ကြည့်လိုက်ပြီးအမူအရာမရှိတဲ့ရွာသူကြီးကိုပြန်ကြည့်လိုက်ချိန်မှမိုရှင်း‌စေးကိုအ‌ခေါင်းထဲချလိုက်ချိန်ပုံမှန်မဟုတ်တဲ့ခံစားချက်ကိုနားလည်သွားသည် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now