အပိုင်း ၁၇ [ တစ္ဆေပူးကပ်ခြင်း ] (6)

1.3K 209 6
                                    

အပိုင်း ၁၇ [ တစ္ဆေပူးကပ်ခြင်း ] (6)

⟨⟨ပြဇာတ်တီးလုံး⟩⟩

လင်ပန့်ရှနဲ့ နှစ်အကြာကြီး သူငယ်ချင်းဖြစ်လာတဲ့ကျိလဲ့ရွှေဟာ လင်ပန့်ရှရဲ့ဒီလိုမျက်နှာအမူအရာကဘာအဓိပ္ပာယ်လည်းနားမလည်နိုင်သေးဘူး! သူလက်ထဲကဒလိမ့်တုံးကိုသာမတတ်နိုင်စွာဆုပ်ကိုင်ရင်း အော်လိုက်သည် : "ပန့်ရှ မင်းဒီအချိန်မှာ မလုပ်ပဲမနေနိုင်ဘူးလား!!"

လင်ပန့်ရှကျိလဲ့ရွှေကိုအပြစ်ကင်းစင်စွာတစ်ချက်ကြည့်လိုက်ပြီး : "ငါတတ်နိုင်သလောက်မလုပ်ပါဘူး"

ကျိလဲ့ရွှေငိုသံထွက်မတတ်ပင်

နှစ်ယောက်သားစကားပြောနေချိန်မှာ ဓာတ်လှေကားတံခါးပွင့်သွားသည် ။ တင်းတောင်လို့တစ်ချက်မြည်ပြီး မှောင်မဲနေတဲ့စင်္ကြံတစ်ခုပေါ်လာသည် ။ ကျိလဲ့ရွှေမထင်ထားတာက လူမနေတာကြောင့် မီးမဖွင့်ထားတာဖြစ်၏ ။ တော်သေးတာက လင်ပန့်ရှဉာဏ်အမြှော်အမြင်ရှိစွာနဲ့ ဖုန်းထုတ်လာသည် ။ ဖုန်းမီးဖွင့်လိုက်ပြီး အသံတိုးတိုးနဲ့ဆိုသည် : "သွားရအောင်" ဓာတ်လှေကားထဲကနေအရင်ထွက်လိုက်သည် ။

ကျိလဲ့ရွှေ ဒီအချိန်ပိုင်းလေးမှာတင် နောင်တအနည်းငယ်ရလာတယ် သူရဲတိုင်လိုက်ရင်ကောင်းမှာ ဒီလိုမှောင်မဲနေပြီး ဘာမှလည်းမမြင်ရဘူး တစ်ခုခုဖြစ်ရင်ဘယ်သူသိမှာလဲ...........

လင်ပန့်ရှကကျိလဲ့ရွှေလောက်မစဉ်းစားပေ ။ စုန့်ချင်းလော်ရဲ့အရိပ်ကိုသာရှာနေသည် ။

တိုက်ထဲမှာ အရမ်းမှောင်နေတာကြောင့်ဖုန်းရဲ့အလင်းဖျော့ဖျော့ကလွဲ ဘာမှမတွေ့ရပေ ။ လင်ပန့်ရှနဲ့ကျိလဲ့ရွှေတို့နှစ်ယောက်ရဲ့ ခြေသံတွေသာကျယ်ဝန်းတဲ့
စင်္ကြံလမ်းတစ်လျှောက်ပြန်ကြားနေရ၏ ။ ကျိလဲ့ရွှေကဒီအသံကိုနားထောင်ရင်း စိတ်ထဲနည်းနည်းပြာသွားရင်း အသံနိမ့်နိမ့်နဲ့ဆိုသည် : "ပန့်ရှ ငါတို့ခြေလှမ်းရင် နည်းနည်းညင်သာရအောင် တခြားသူတွေအသံကြားအောင်မလုပ်မိစေနဲ့"

လင်ပန့်ရှလည်းအင်းလို့ပြောလိုက်ပေမယ့် သူပါးစပ်ကသာသဘောတူလိုက်သည် ။ ခြေလှမ်းကတော့ ညင်သာမနေပေ ။ အရင်အတိုင်း ဒေါက်ဒေါက်ဒေါက် နဲ့ ကျိလဲ့ရွှေလည်း မနေတတ်တော့ပဲ လင်ပန့်ရှကိုဆွဲလိုက်ရင်းဆိုသည် : "ပန့်ရှ____"

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now