အပိုင်း ၄ [ အခန်း 1303 ] (4)

2.1K 303 15
                                    

အပိုင်း ၄ [ အခန်း 1303 ] (4)

⟨⟨နီဟောင် စုန့်ချင်းလော်⟩⟩

ညရဲ့ကျီစယ်မှုပြီးတဲ့နောက်မှာ ကျိလဲ့ရွှေရဲ့ စိတ်က အကျဘက်ကိုရောက်နေသည် ။ လင်ပန့်ရှကသူ့ကိုစိတ်ပူနေပြီး အေးဂျင့်ဆီ အတူသွားကြည့်ချင်နေသည် ။ သို့သော် ကျိလဲ့ရွှေက ငြင်းဆိုလိုက်သည် ။

"မင်းငါနဲ့မလိုက်လဲရပါတယ်....ငါတစ်ယောက်ထဲသွားလို့ရတယ်နော် မင်းတစ်ညလုံးမအိပ်ရသေးဘူးမလား....အရင်နားလိုက်"ကျိလဲ့ရွှေအဝတ်လဲလိုက်ပြီး သော့ကိုယူလိုက်၍ လင်ပန်ရှကို ပြောလာသည် "ဒါပေမဲ့ ဒီမှာတော့မအိပ်နဲ့နော် မင်းတစ်ယောက်ထဲရှိနေတဲ့အချိန် တစ်ခုခုဖြစ်သွားမှာ ကြောက်တယ်"

"ငါအဆင်ပြေပါတယ်"လင်ပန့်ရှမှဆိုသည် ။ "မင်းငါ့ကို တကယ် မလိုက်စေချင်ဘူးလား?"

"မလိုဘူး"

ကျိလဲ့ရွှေက အတင်းအကျပ်ပြုံးလိုက်သော်လည်း အပြုံးကရုပ်ဆိုးနေခဲ့သည် ။ သူမပြုံးတာမှကောင်းဦးမည် ။

"ငါကအရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက်ပါ ၊ ငါညဘက်မှာကြောက်တာ မှန်ပေမယ့် နေ့ဘက်ကိုပါ ဘာလို့ကြောက်နေရမှာတုန်း?"

သူတံခါးဖွင့်လိုက်ပြီး လင်ပန့်ရှဆီခေါင်းညိမ့်ပြကာ လှည့်ထွက်သွားသည် ။

လင်ပန့်ရှက သူ့နောက်ကျောကိုရှုပ်ထွေးနေတဲ့ မျက်နှာအမူအရာနဲ့ကြည့်နေခဲ့သည် ။ သူကကျိလဲ့ရွှေအား ကောင်း‌ သော ရည်ရွယ်ချက်ဖြင့် ဒီကိုလာနေရန်ဖိတ်ခေါ်ခဲ့သည် ။

လတိုင်း အိမ်ငှားခ ယွမ်နှစ်ထောင် သက်သာစေရန်စိတ်ဖြင့် ။

သူ‌ ပြောင်းလာတာ ရက်အနည်းသာ ရှိသေးပေမဲ့ ဒီလိုဖြစ်ဖို့ မမျှော်လင့်ခဲ့ပေ ။ ယနေ့ လေအနည်းငယ်နှင့် တိမ်ထူနေခဲ့ပြီး ဆောင်းဦးအစောပိုင်းတွင် နွေးထွေးမှုမရှိ ။

ရပ်ကွက်ထဲရှိ သစ်ပင်များမှာ အမြဲပင် စိမ်းစိုနေခဲ့ပြီး ထူထပ်အုံ့ဆိုင်းစွာ ပေါက်ရောက်နေခဲ့သည် ။ သို့သော် အကြောင်းတစ်ခုခုကြောင့်အဲ့သစ်ပင်ရိပ်တွေကပဲ အေးစိမ့်စိမ့် ခံစားချက်ကိုပေး‌ ‌ နေသည် ။ တစ်ချက်ကြည့်လိုက်ရင်ကို ရပ်ကွက်တစ်ခုလုံးက ဟောင်းနေပြီး အရောင်လွင့်နေတဲ့ ပုံတစ်ပုံလိုမျိုး လူကိုမသက်မသာဖြစ်စေသည် ။

အရိုးစုသရဲပန်းချီ「骷髅幻戏图」 Where stories live. Discover now