-; ♡.° [ အပိုင်း-၄ဝ Final] ୭̥ 🍞

4.4K 159 17
                                    

UNICODE


အပိုင်း-၄၀
(ဇာတ်သိမ်းပိုင်း)


မြင့်မားတဲ့ အုတ်တံတိုင်းကြီးများအလယ်က မှန်လုံအဆောက်အအုံကြီးတစ်ခုထဲတွင် လူများတစ်စုတစ်စည်းတည်း ရှိနေကြသည်။ရွှေရောင်လက်နေသော ကြွေပြားအကွပ်များနဲ့ သန့်ရှင်းတောက်ပြောင်နေသော လူသုံးရပ်စာ မှန်ပြတင်းပေါက်များကြောင့် အဆောက်အအုံကြီးတစ်ခုလုံးဟာ အလင်းရောင်ကောင်းစွာရနေသည်။ရိုးရှင်းသပ်ရပ်တဲ့ မီးဆိုင်းများနဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များစွာဖြင့် အလှဆင်ထားသည် အဆောက်အအုံ၏ မြေညီထပ်တွင် မီးခိုးရောင်စစ်၀တ်စုံများနဲ့ လူငယ်များကို နေရာအနှံတွေ့နေရသည်။

little cobraရဲ့ ပင်မမြို့တော်ရှိ 'ကြယ်စင်စု'စစ်တက္ကသိုလ်ကြီးအတွင်း ပုံမှန်ရက်များထက်လူစည်ကားနေသည်။အကြောင်းမှာ အဆိုပါစစ်တက္ကသိုလ်ရှိ ဗိုလ်လောင်းအများစု လေးစားအားကျရတဲ့ စစ်သူရဲကောင်းများက ကြယ်စင်စုစစ်တက္ကသိုလ်ဆီသို့ လေ့ကျင့်ရေးနည်းပြများအဖြစ် တာ၀န်ထမ်းဆောင်ပေးရန် ရောက်ရှိလာခဲ့သောကြောင့်ပင်။

လက်ရှိတွင် ကမ္ဘာမြေပေါ်ကရွေ့ပြောင်းသွားကြတဲ့ မြစင်ကျောက်ဖျားက လူတန်းစားတစ်ချို့ကြောင့် အလုပ်လက်မဲ့များဖြစ်သွားကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို အဓိကကာကွယ်စောင့်ရှောက်ပေးနေသည်မှာ little cobraရှိ ကာကွယ်ရေးတပ်သားများဖြစ်ကြသည်။မြစင်ကျောက်ဖျားအစိုးရသည် ကမ္ဘာမြေပေါ်၌ကျန်ရစ်ခဲ့ကြသော ပြည်သူများကို ကာကွယ်ပေးရန် little cobra မြို့တော်၀န် ထင်ရှားဇျာန်ပိုင်ဆိုင်သော ကာကွယ်ရေးတပ်သားများအား လစာပေးသည်အစီအစဉ်ဖြင့် သီးသန့်ငှားရမ်းထားသည်။

အစိုးရဘက်မှ ကောင်းမွန်စွာမအုပ်ချုပ်နိုင်သော နိုင်ငံမှာ ဆူပူအုံကြွမှုတို့ဖြစ်သည်မှာ အံ့ဩစရာမရှိပါ။
အဆုံးစွန်သောဖြုန်းတီးမှုတို့ဖြင့် မြေသယံဇာတများကို အလွန်အကြူးအသုံးချမိတဲ့ ရလာဒ်အနေနဲ့ လက်ရှိမြစင်ကျောက်ဖျားတွင် သဘာ၀သယံဇာတဟူသည်မှာ ရှားသည်ထက်ရှားပါးလာသည်။
ထိုမျှမက အာဏာတင်းကျပ်မှုမရှိတော့တဲ့အတွက် မြစင်ကျောက်ဖျားရဲ့ အုပ်ချုပ်ရေးယန္တရားဟာလည်း ပုံမှန်လည်ပတ်ခြင်းမရှိတော့ဘဲ တစစနဲ့ ယိုယွင်းလာသည်။‌သယံဇာတရှားပါးမှု‌ကို ရှောင်ရှားရန် လူလုပ်ကျွန်းများဆီ ပြောင်းရွေ့သွားကြသော လူအရေအတွက်သည် မြစင်ကျောက်ဖျား၏ လူဦးရေ၏ ၄၈%ကျော်ရှိသည်။ကျန်ရစ်ခဲ့သော လူဦးရေ၅၂%မှာ အခြေခံလူတန်းစား လက်လုပ်လက်စားများဖြစ်ပြီး အလုပ်အကိုင်ဆုံးရှုံးလိုက်ရတဲ့ ၀န်ထမ်းပေါင်းများစွာလည်း ပါ၀င်နေသည်။

You've reached the end of published parts.

⏰ Last updated: Feb 07 ⏰

Add this story to your Library to get notified about new parts!

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now