-; ♡.° [ အပိုင်း-၃၅ ] ୭̥ 🍞

1.7K 126 4
                                    

UNICODE



သုံးဆယ့်ငါး


ဖွံ့ဖြိုးမှုနောက်ကျတဲ့ အရပ်ဖြစ်တဲ့အလျောက် စေတနာရွာကထွက်တာနဲ့ ပင်လယ်ကသောင်းမြို့ဘက်သွားရာ လှည်းလမ်းကြောင်းသည် တောနီးနီးကိုဖြစ်နေသည်။မြို့တော်ကနေ ပြောင်းလာကြတုန်းက လာခဲ့တဲ့လမ်းတောင်မှ အိမ်ခြေများပြီး ဈေးတွေလည်းရှိခဲ့သေးသည်။ဒီမှာတော့
လှည်းလမ်းသိပ်မပေါက်၍ ရွာခံလူ ဇွဲတုကဘဲ လှည်းမောင်းသူနေရာ၀င်ကာ လမ်းပြရသည်။

တောလမ်းတစ်လျှောက် အလေ့ကျပေါက်တဲ့သီးပင်စားပင်များကို မကြာမကြာတွေ့ခဲ့ရပြီး အပင်ကြီးထွားနှုန်းကောင်းတာကြောင့် ဘုံဘုံက အပင်တစ်ချို့တ‌လေကို ရွာအပြန်မှာနှုတ်သွားမယ်လို့ စိတ်ကူးထားသည်။

ခရီးလမ်းတစ်ခုလုံးသည် အလွန်ပျင်းရိဖွယ်ကောင်းသည်။‌နွားလှည်းဘေးမှ မြင်းကိုယ်စီနဲ့လိုက်လာတဲ့ ကိုဘုန်းမော်နဲ့သားစစ်က အချင်းချင်းစကားတီးတိုးပြောနေကြသည်။ဘုံဘုံလည်း သူတို့နဲ့အပျင်းပြေစကားပြောချင်နေသည်။ဒါပေတည့် လူကတော့ ဘေးမှာတုံးလုံးလှဲကာအိပ်ပျော်နေတဲ့ ဆွေးငယ်ဆီက အိပ်ချင်တဲ့စိတ်တွေကူးသွားသလို အလိုလိုအိပ်ငိုက်လာသည်။

"အစ်ကိုအိပ်ချင်ရင် ပြန်အိပ်နေလေ မြို့က နေ့လည်‌စောင်းလောက်မှရောက်လိမ့်မယ်။ရောက်ရင် ကျွန်တော်နှိုးမယ်"

ဇွဲတုက လှည်းမောင်းနေရင်း အလိုက်သိစွာ ပြောလာသည်။အခုရက်ပိုင်း နည်းနည်းလောက်အလုပ်လုပ်တာနဲ့ ပင်ပန်းလာတဲ့ ဘုံဘုံက သူ့ခန္ဓာကိုယ်အကြောင်း သိသူပီပီ လွတ်နေတဲ့နေရာလေးမှ လှဲအိပ်ရန်ပြင်လိုက်သည်။

"မျက်နှာလေးနွမ်းနေတယ်...ကိုယ် မင်း‌ကိုကြည့်ရတာ အားမရဘူး ၊မြို့ကိုရောက်ရင် ကျန်းမာရေးစစ်ရမယ်နော်"

"ကျွန်တော်အဆင်ပြေပါတယ်ဗျ အိပ်ရေးပျက်ထားလို့ပါ၊ကိုဘုန်းမော်သိပ်မစိုးရိမ်ပါနဲ့"

လှည်းပေါ်မှာ အိပ်နေတဲ့သူနှစ်ယောက်ရှိနေတာကြောင့် နွားလှည်းသည် အလိုလိုနေရင်း အရှိန်နှေးသွားသည်။ဘုန်း‌မော်က မြင်းပေါ်ကနေ မျက်နှာညှိုးနေတဲ့ ဘုံဘုံရဲ့လက်ဖဝါးလေးများကိုစုကိုင်ပြီး အနားကပ်လိုက်လာသည်။သူအဆင်ပြေကြောင်း ပြေပြေကလေးပြုံးပြလာတဲ့ ဇနီးလေးရဲ့ ပါးပြင်နုနုအားပွတ်သပ်ယုယမိသွားသည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now