-; ♡.° [ အပိုင်း-၈ ] ୭̥ 🍞

5.3K 371 15
                                    

Unicode

အိမ်တော်မှာနှစ်ယောက်တည်းရှိနေတုန်းက ပြောခဲ့မိတဲ့ ကားတွေ၊မီးရထားအကြောင်းတွေကို ပေါက်စီဖူးတစ်ယောက်မှတ်မိနေဦးမယ်လို့ ဘုံဘုံလုံး၀သတိမထားမိ။ကလေးမို့ အချိန်ကြာရင်မေ့သွားမယ်လို့ ထင်နေပြီး ထိုအကြောင်းတွေကိုမေ့ထားမိခဲ့သည်။

"ဖေဖေ ကားတွေလည်းမတွေ့ဘူး"
နောက်ထပ်အသံဆာဆာလေးထွက်လာပြန်သည်။

"အဟမ်း အင်း အဲ့တာ ဟို"

ပေါက်စီဖူးလေး၏မျက်၀န်းနက်နက်များဟာ သူ့ဖေဖေထံမှလုံး၀မခွာဘဲ လိုချင်သောအဖြေအား မျှော်လင့်ကြီးစွာစောင့်၍နေလေသည်။ကလေး၏အမြင်တွင် အဖြူရောင်၀တ်စုံ ငွေရောင်တောက်နေသောအဆင်တန်ဆာများနဲ့ သူ့ဖေဖေက တန်ခိုးရှိသောပုဂ္ဂိုလ်တစ်ဦးအလား တင့်တယ်ခန့်ညားနေသည်။

"‌ဖေဖေ"

"အဲ့ဒီကားတွေက ဒီမှာမရှိဘူးသားလေးရဲ့ ဖေဖေနောက်ကျမှလိုက်ပြမယ်နော်"

ဘုံဘုံသည် ပေါက်စီဖူးလေးအာရုံပြောင်းသွားစေရန် ကိုယ်လုံးတစ်တစ်လေးအားမချီကာ ပါးစုံနှစ်ဖက်အား ခပ်ပြင်းပြင်းမွှေးကြူလိုက်သည်။သဘောကျနေသဖြင့် တခစ်ခစ်ရယ်သံများထွက်လာသော ပေါက်စီဖူးလေးက သူ့ဖေဖေ၏မျက်နှာကို လက်သေးသေးလေးများဖြင့်တွန်းပြီး ရှောင်ထွက်ဟန်ပြင်နေသည်။

"မွ ၊သားအဖေ ဘယ်မှာလည်း"

"ဟိုမှာလေ သားတို့ကိုကြည့်နေတယ်"

ပေါက်စီဖူးလေးလက်ညှိုးထိုးပြသောနေရာသည် ဆိုင်၏မျက်နှာစာတန်းတွင်ရှိပြီး ဆိုင်ကလည်း လူစည်ကားသောမြို့ငယ်တစ်ခုက ခပ်မြင်မြင့်အဆောက်အဦး၏ အောက်ထပ်တွင်ဖွင့်ထားသည့်ဆိုင် ဖြစ်ကြောင်းသိလိုက်ရသည်။ ထိုနေရာမှထိုင်ကာ မြို့ဈေးအားလေ့လာ၍ရသည်။နေရာကောင်းလေးတစ်ခုဖြစ်ပြီး လေကောင်းလေသန့်လည်းရမည်ဟု ထင်ပါသည်။

နူးညံ့သောပိုးသား၀တ်စုံ ငွေမျှင်ရောင်လက်၀တ်လက်စားများနဲ့ ကျက်သရေတင့်သောဘုံရိပ်ပျိုဟာ မနက်စောစောက ခပ်နွေးနွေးနေအလင်းရောင်အောက်တွင် ရွှေရည်ပက်ဖြန်းခံထားကတဲ့ သန့်စင်သောနှင်းဆီဖြူတစ်ပွင့်လိုပင်။ငွေလက်ပတ်နှင့် ခါးပတ်များကြောင့် သွေးသွယ်သောခါးနဲ့ လက်ကောက်၀တ်များအား ဆိုင်အထဲရှိလူအားလုံးမြင်လိုက်ရသည့်အခါ ၎င်းတို့၏မျက်နှာထက် နှစ်သက်မှုကိုဖော်ပြသော အရိပ်အယောင်များဖြတ်ပြေးသွားကြသည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now