-; ♡.° [ အပိုင်း-၁၀ ] ୭̥ 🍞

4.5K 338 9
                                    

UNICODE


ညနေစောင်းရောက်လာခဲ့ပြီဖြစ်၍ ဆောင်းလေအေးများ စတင်တိုက်ခတ်လာသည်။ခြောက်သွေ့သောမြေသားပေါ်တွင် သစ်သားကွပ်ပျစ်တစ်လုံးရှိပြီး မြက်ဖျာတစ်ချပ်ခင်းထားကာ ဘုံဘုံက ထိုမြက်ဖျာပေါ်တွင်ခြေဆင်းထိုင်ရင်း သူ့အရှေ့ကအမျိုးသမီးလေးနှစ်ယောက်အား ဗလာမျက်စေ့ဖြင့်ကြည့်နေသည်။ အချိန်အတော်ကြာနေခဲ့ပြီ သူမတို့၏မိသားစုရန်ပွဲက မပြီးဆုံးသေး။

တစ်ဖက်မိန်းကလေးက စကားကို အေးအေးဆေးဆေး မပြောတတ်ဘူးလားမသိ ၊စာကလေးနဲ့ကြက်တူရွေး သားစပ်ထားတဲ့လေသံနဲ့ ဘေးခြံတွေထိကြာအောင် တမင်အော်ပြောနေသည်။
အခုလည်း...

"ကျမဘာတွေများတောင်းဆိုနေလို့လည်း? နှစ်ဦးနှစ်ဖက်ကွာရှင်းပြီးတာတောင် လျော်ကြေးမပေးလို့ ကိုယ်ပေါ်ကအ၀တ်အစားလေးတွေဘဲ ယူမယ်ပြောတာလေ"

"နင် ! အဲ့တာငါ့အ၀တ်တွေမဟုတ်ဘူးဟဲ့။နင်နဲ့ နင့်မိသားစုက သူများပစ္စည်းမတရားလိုချင်နေတာကို နင်ကဘာမှမပြောဘဲနေနေတာလေ။ပြီးတော့ နင်နဲ့ဇွဲတုကွာရှင်းထားတာ ဘယ်နှနှစ်ရှိနေပြီလည်း? ။အခုမှဘာလျော်ကြေးလာတောင်းနေတာလည်း နင်လိုချင်ရင် ငါ့အိမ်ကခြေသုပ်ခုံယူသွား!! "

"အို...၀တ်ပြီးမှတော့ ဘာလို့ပြန်တောင်းနေသေးလည်း ၊ကျမတို့ကဒုက္ခရောက်နေတဲ့သူတွေလေ အ၀တ်ကလေးတစ်ထည်နှစ်ထည်ယူ၀တ်မိတာ ဒီအတိုင်းပေးလိုက်ပါလား။ကျမတို့လည်း ဒီလိုအ၀တ်အစားတွေ၀တ်ဖို့တန်ပါတယ်။ယောင်းမ ကျမတို့မိသားစုအပေါ် ဒီလိုတော့မျက်နှာလွှဲပစ်ဖို့ မလိုပါဘူး"

"နင်တို့ယူ၀တ်ထားတဲ့အ၀တ်အစားတွေနဲ့ ခါးချိတ်တွေက သူများဟာလို့ငါပြောတာ အခါတစ်ရာမကတော့ဘူး။နင်တို့ဆီမှာအထုတ်ကြီးအထုတ်ငယ်ပါလာပြီး ၀တ်စရာမရှိလို့ယူ၀တ်မိပါတယ်ဆိုတာ ယုံဖို့ကောင်းလို့လား? ။နင်တို့မိသားစုတွေက သူခိုးတွေ ဟဲ့ သူခိုးမိသားစုတွေ။ပိုင်ရှင်တစ်ယောက်လုံး ငုတ်တုတ်ထိုင်နေတာတောင် အရှက်မရှိအပိုင်တောင်းနေတာ ဘယ်နားကသနားချင်စရာလည်း? ဘယ်နားမှသနားချင်စရာပေါက်နေလည်း ပြောပါဦး!"

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now