-; ♡.° [ အပိုင်း-၁၁ ] ୭̥ 🍞

4.4K 334 3
                                    

Unicode

နူးညံ့သောပိုးသားဘောင်းဘီ၏ ရှည်နေသောအနားစကိုခေါက်တင်ရင်း ပတ်၀န်းကျင်ကိုစူးစမ်းကြည့်မိသည်။အခုတ‌လော အိမ်မက်ထဲမှာ အရင်ဘ၀ကမိသားစုတွေနဲ့ပြန်ဆုံတိုင်း လက်ရှိဘ၀ကိုပြန်မလာနိုင်မှာ သူအရမ်းစိုးရိမ်နေရသည်။မျက်လုံးဖွင့်တိုင်း ရင်ခွင်ထဲကကိုယ်လုံးအသေးလေးနဲ့ နောက်ကျောပြင်က ရင်ခွင်ကြီးတို့ကြောင့် အနည်းဆုံးတော့ သူ့စိတ်ချမ်းသာရရသွားတတ်သည်။

မျက်နှာ၊အသားအရောင်၊အရပ်အမောင်း အတူတူဖြစ်ပေမယ့် မတူညီတဲ့ခန္ဓာကိုယ်တစ်ခုထဲမှာ သူဘယ်နှနှစ်လောက် နေနိုင်မှာလည်း။မူလကိုယ်ရဲ့၀ိညာဉ်များ ဒီခန္ဓာကိုယ်ထဲပြန်ရောက်လာနိုင်သေးလား။ အရင်ခန္ဓာကိုယ်နဲ့သူ့ကိုရော ကျန်နှစ်ယောက်က မှတ်မိကျပါ့မလား။

ဘုံဘုံက အိပ်ယာထဲကထွက်လာပြီး အခန်းတံခါးကိုဖွင့်ကာ မျက်နှာသစ်ဖို့ထွက်သွားခဲ့သည်။အိမ်ပြင်ရောက်တော့ ခြံထဲမှာတဲတစ်လုံးရှိ‌နေတာကို တွေ့လိုက်ရပြီး ထိုအထဲတွင်မည်သူတွေရှိနေကြောင်း စဉ်းစားနေစရာမလို။မြေအင်တုံထဲကရေခဲတမျှအေးစက်နေသောရေအား ကြေနီခွက်ဖြင့်ခပ်ယူကာ မျက်နှာပေါ်သို့ငြင်သာစွာလောင်းချလိုက်ပြီး ကိုယ်လက်သန့်စင်လိုက်သည်။

ဘုံဘုံအခန်းထဲပြန်ရောက်လာတဲ့အချိန် အိပ်ယာပေါ်၌ တစ်ယောက်နဲ့တစ်ယောက် ကလူ၏မြှူ၏လုပ်နေသူနှစ်ယောက်အား တွေ့လိုက်ရသည်။ပေါက်စီဖူးလေးက သူ့အဖေ၏ရင်ခွင်ထဲမှနေကာ လက်ချောင်းတိုလေးများနဲ့ သူ့အဖေမျက်နှာအားမထိတထိလုပ်နေသည်။လခြမ်းကွေးလေးလို မှေးကျဉ်းနေသောမျက်ခွံလေးများက ဘယ်လောက်တောင်သဘောကျနေမှန်း ခန့်မှန်းလို့ရနိုင်ပေသည်။

"ဝှါး ဝှါး ဝှါး ဝှါး ခစ်ခစ်"

"ဝှါး ဝှါး ဝှါး ဝှါး ဝှါး "

ဘုန်းမော်ရဲ့လက်ဖဝါးများက သန်းဝေနေဆဲကလေးရဲ့ ပါးစပ်အရှေ့ အဖွင့်အပိတ်လုပ်နေခဲ့ကာ ထွက်လာတဲ့ တဝှါးဝှါးအသံကိုလည်း ပေါက်စီဖူးလေးက သဘောကျနေလိုက်သေးသည်။ဘုန်းမော်ရဲ့မျက်နှာမှာလည်း ကြည်နူးရိပ်သန်းနေကာ နှုတ်ခမ်းစွန်းများတွန့်ကွေးနေသည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now