-; ♡.° [ အပိုင်း-၂၈ ] ୭̥ 🍞

2.3K 189 12
                                    

UNICODE



ဘုန်းမော်သိတတ်တဲ့အရွယ်ကတည်းက သလောကအိမ်တော်ရဲ့ သားတစ်ယောက်
ဖြစ်နေခဲ့တာဖြစ်သည်။အဖေနဲ့အမေက သူ့အပေါ်တင်းကျပ်တယ် အေးစက်တယ်ဆိုပေမယ့် ဘုန်းမော်ရဲ့မိဘတွေဖြစ်နေဆဲပါဘဲ။ဘုန်းမော်ကိုယ်တိုင်ကလည်း သူက သူ့မိဘတွေရဲ့ တတိယမြောက်သားတစ်ယောက်ဟုပင် အမြဲမှတ်ယူထားခဲ့သည်။

အိမ်တော်ထိန်းကြီးနဲ့ အဖေတို့ပြောခဲ့တဲ့စကားများထဲတွင် ဘုန်းမော်အား သလောကအိမ်တော်ရဲ့ သားစဉ်မြေးဆက်ပြ စာရင်းစာအုပ်ကို ထုတ်ပြမိတဲ့ကိစ္စလည်းပါသည်။အိမ်တော်ထိန်းကြီးက ဘုန်းမော်ရဲ့တောင်းဆိုမှုကြောင့် ထိုစာအုပ်ကိုထုတ်ပြမိတာဖြစ်သည်။အိမ်တော်ထိန်းကြီး အိမ်တော်ကနှင်ထုတ်ခံရတာက ဘုန်းမော်အပြစ်မကင်းပါ။

ထိုနေ့မတိုင်မီက မေလင်းနိုင်သည် သူက အဖေနဲ့အမေရဲ့သားအရင်းမဟုတ်ကြောင်း စနောက်ပြောခဲ့သည်။စိတ်ခုသွားတဲ့ဘုန်းမော်က မေလင်းနိုင်အား သက်သေအပြည့်အစုံဖြင့် သူက သလောကအိမ်တော်ရဲ့တတိယသား မေလင်းနိုင်ရဲ့အမွှာအစ်ကိုဆိုတာ ပြနိုင်ဖို့ အိမ်တော်ထိန်းကြီးကို သားစဉ်မြေးဆက်ပြစာရင်းစာအုပ် ထုတ်ပေးဖို့တောင်းဆိုခဲ့သည်။

လက်ရှိအချိန်တွင်

အတိတ်နွံထဲမှာနစ်မြောနေရင်း  သူ့ရဲ့ဇနီးလေးနဲ့သားကိုသတိရသွားတဲ့အတွက် တည်ငြိမ်နေရာမှ ပြုံးရွှင်တဲ့မျက်နှာဖြစ်သွားတဲ့ဘုန်းမော်ကို ငူတူတူမျက်နှာနဲ့ကြည့်နေသော သားစစ်တစ်ယောက်ရှိသည်။သူက အစ်ကိုဖြစ်သူလက်မောင်းအား နှစ်ချက်လောက်ပုတ်လိုက်ပြီး
"အစ်ကိုကြီး ဘာပျော်စရာရှိနေလို့လည်း"

"အိမ်ကဇနီးလေးကိုသတိရသွားလို့"
ဘုန်းမော်က ပြုံးနေတဲ့မျက်နှာနဲ့ နူးနူးညံ့ညံလေးပြန်ဖြေသည်။

သားစစ်မျက်နှာ၀င်းကနဲဖြစ်သွားသည်။သူက ဘုန်းမော်ရဲ့ည၀တ်အင်္ကျီအောက်စအားဆွဲကာ စိတ်လှုပ်ရှားစွာနဲ့
"မရီးနဲ့အဆင်ပြေတယ်မလား ၊ကျွန်တော် မရီးနဲ့မတွေ့ရတာကြာပြီ"

သားစစ်က အစ်ကိုကြီးရဲ့ဒုတိယဇနီး ဘုံရိပ်ပျိုအား မင်္ဂလာဆောင်တဲ့နေ့ကဘဲ အနီးကပ်တစ်ခါတည်းမြင်ဖူးသည်။ဘုံရိပ်ပျိုက သိမ်မွေ့‌ေသာအမူအကျင့်တို့နဲ့ ငြိမ်းချမ်းတဲ့မျက်နှာပိုင်ရှင်လေးဖြစ်သည်။သို့သော် သူကဘဲ ရင်းနှီးလွယ်တာလား ဘုံရိပ်ပျိုကဘဲ ပေါင်းသင်းဆက်ဆံရေးမကောင်းတာလားမသိ သူတို့နှစ်ယောက်ရင်းနှီးဖို့ရာခက်ခဲခဲ့သည်။သားစစ်က အစ်ကိုကြီးနဲ့ပထမဇနီး အစ်မပျိုလေးနဲ့တော့ ရင်းနှီးသည်။သူမက စကားပြောကောင်းသလို နွေးထွေးသောဆက်ဆံရေးကို ကြာရှည်ထိန်းသိမ်းထားနိုင်သူဖြစ်သည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now