-; ♡.° [ အပိုင်း-၄ ] ୭̥ 🍞

5.5K 399 12
                                    

Unicode

ဈေးအတွင်းမှာတော့ လူပိုများပြီး၊ဆိုင်ခန်းများကအမိုးချင်းတောင်ထပ်နေသည်အထိ စုပြုံနေသည်။ဘုံဘုံလက်ထဲကပေါက်စီဖူးလေးမှာ သူ့ဖေဖေ၏ရင်ဘက်ထဲကနေပြီး အပြင်ဘက်ကအရာတွေကို မျက်လုံးတောက်တောက်လေးများဖြင့် စူးစမ်းနေသည်။ မုန့်စားဖို့ကိုတောင်မေ့နေသည်အထိ ကလေးမှာ အချိန်အတော်ကြာတိတ်ဆိတ်နေ၍ ဘုံဘုံကဘဲစလို့ ဗိုက်ဖြည့်ကြရန် အနားကခေါက်ဆွဲဆိုင်သို့၀င်ခဲ့လိုက်သည်။အသားနံ့ ငါးနံ့နဲ့ လတ်ဆတ်သောအသီးအရွက်ပြုတ်များ၏ မွှေးကြိုင်သောရနံ့များက နှာ၀တွင်အ‌ချိန်အတော်ကြာစွဲနေကာ အကောင်းဆုံးဟုဆိုနိုင်သော အသားခေါက်ဆွဲတစ်ပွဲနဲ့ ကြက်ဥခေါက်ဆွဲတစ်ပွဲမှာယူလိုက်သည်။နူးညံ့တဲ့ဂျုံသားများနဲ့ မွှေးကြိုင်သောအသားရနံ့ကြောင့် ခေါက်ဆွဲနှစ်ပွဲစလုံးက ဆာလောင်မှုကြောင့်အသုံးပြုခဲ့တဲ့ ကြေးတစ်ပြားနဲ့တန်အောင် စိတ်ကျေနပ်မှုအပြည့်အ၀ရစေသည်။

ဆိုင်ကထွက်လာပြီးနောက် အပြင်ရာသီဥတုမှာအတော်လေးနွေးထွေးလာသည်ဟုခံစားလာရပြီး အနွေးဓာတ်ကြောင့် မနက်စောစောတုန်းက အိမ်ထဲမှာသာနေနေကြသူများမှာ လမ်းပေါ်သို့ တစ်စုတစ်ဝေးတည်းတတ်လာခဲ့ကြသည်။ လမ်းတစ်လျှောက်လူပိုများလာတဲ့အခါ တစ်ခါတစ်ရံ ကိုယ့်ခြေထောက်ကိုပင်မမြင်နိုင်အောင်ဖြစ်ရကာ အဖြစ်က ဘဲအုပ်ကြားကမဗေဒါလိုပင်။ လူပင်လယ်ထဲတိုး‌ဝှေ့နေရင်း တစ်ခါတစ်ရံမတော်တဆတွန်းတိုက်မှုများကိုလည်း ကြုံလာရကာ ပွေ့ဖက်ထားတဲ့ပေါက်စီဖူးလေး အသက်ရှူကျပ်မည်စိုး၍ အနားကအမိုးနိမ့်နိမ့်နဲ့ဆိုင်လေးထဲသာ ခို၀င်လိုက်တော့သည်။

မထင်မှတ်ပါဘဲ ဘုံဘုံတို့၀င်လာတဲ့ဆိုင်လေးဟာ အပ်ချုပ်ပစ္စည်းတစ်ချို့ရောင်းချသောဆိုင်ဖြစ်နေသည်။အိမ်ကထွက်လာကတည်းက ပေါက်စီဖူးလေးအတွက် အင်္ကျီအသစ်တစ်ချို့ချုပ်ပေးမည်ဟု အတွေး၀င်ခဲ့ပေမယ့် ဈေးတန်းရောက်တော့ အစားအသောက်ဘက်ကိုအာရုံရောက်သွား၍ အပ်ချုပ်ဆိုင်အားရှာဖို့မေ့နေခဲ့သည်။ မရည်ရွယ်ဘဲ၀င်လာခဲ့သည့်ဆိုင်ရဲ့ အပ်ချုပ်ပစ္စည်းတစ်ချို့ကို၀ယ်ယူဖို့ဖြစ်လာခဲ့ရာ ထိုဆိုင်ငယ်လေးထဲကအမျိုးစုံသော အပ်ချုပ်ချည်နဲ့အပ်တစ်ချို့ကို တိတ်ဆိတ်စွာရွေးချယ်နေတော့သည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now