-; ♡.° [ အပိုင်း-၅ ] ୭ ̥🍞

5.3K 397 13
                                    


Unicode

ညဦးပိုင်းတွင်ကျင်းပမည်ဖြစ်သည့် နှစ်ကူးစားသောက်ပွဲအတွက် ဘုံဘုံနဲ့ပေါက်စီဖူးတို့ ပြင်ဆင်နေကြရသည်။ပုံမှန်နှစ်တွေဆို အိမ်ကိုပြန်မလာတတ်တဲ့ ဒီအိမ်ရဲ့စတုတ္ထသားက ဒီနှစ်မှထူးထူးဆန်းဆန်းအိမ်ပြန်လာတယ်လို့ သတင်းကြား၍ဖြစ်မည်။အိမ်တော်၌ဘာပွဲရှိရှိ အမြဲပါ၀င်ခွင့်မရှိတဲ့ဘုံဘုံတို့တွေ ဒီနှစ်တော့ ညဦးပိုင်းမှာ ပင်မအိမ်တော်သို့လာရောက်ရန်ဆင့်ခေါ်ခံရ၏။

"ဖေဖေ ဘယ်သွားမလို့လည်း "

"မီးဖိုချောင်လေ ဘာလို့လည်း"

ပင်မအိမ်တော်ထဲသို့ရောက်လာကတည်းက မျက်နှာပျက်ချင်နေတဲ့ပေါက်စီဖူးလေးဟာ သူ၏ဖေဖေအနားကထွက်သွားပြီဆိုကတည်းက မျက်ရည်လေးများဝိုင်း၍လာသည်။ပင်မအိမ်တော်ကြီးရဲ့ ထမင်းစားဆောင်ဟာ တန်ဖိုးကြီးကျွန်းသစ်များဖြင့်တည်ဆောက်ထားပြီး နံရံတိုင်း၌ ရွှေဆိုင်းများကပ်ထားသဖြင့် ရွှေရောင်တဖိတ်ဖိတ်တောက်နေသည်။ခမ်းနားကြီးမားသည်ဟုထင်ရပေမယ့် ၂၁ရာစုကလာတဲ့ဘုံဘုံအတွက် ဒီစားသောက်ခန်းကြီးက ထင်းရှူးပုံးကြီးတစ်ပုံးလို့ပင်။ထိုအပြင်အဆင်တစ်စက်ကလေးမှမလှတဲ့ အခန်းကြီးထဲကလေးလေးတစ်ယောက်တည်း မနေနိုင်ဘူးဆိုတာ ဘုံဘုံလည်းနားလည်ပေးနိုင်ပါသည်။

"သားလည်းလိုက်မယ် သားဒီမှာတစ်ယောက်တည်းနေချင်ဘူး နော် ဖေဖေ နော်လို့"

"ဖေဖေက ဟင်းပွဲတွေသွားသယ်ပေးရဦးမယ် ၊သားကဒီမှာငြိမ်ငြိမ်လေးထိုင်နေပြီး ဖိုးဖိုးဖွားဖွားတို့လာရင် ယဉ်ယဉ်ကျကျေးနှုတ်ဆက်ရမယ် ဟုတ်ပြီလား"

"ဟင့်အင်း ဟင့်အင်း ဖေဖေသားကိုခေါ်သွားပါ။ဒီမှာနေချင်ဘူး ကြောက်တယ် ဟင့် အီးးး"

ငိုမဲ့မဲ့နဲ့ပေါက်စီဖူးလေးသည် သူ့ခန္ဓာကိုယ်ထက်နှစ်စလောက်ကြီးတဲ့ ကျွန်းထိုင်ခုံပေါ်မှခုန်ဆင်းလာပြီး သူ့ဖေဖေ၏အပေါ်၀တ်ရုံအနားစကိုဆွဲကာ သနားချင့်ဖွယ်တောင်းဆိုနေမိသည်။ငယ်ရွယ်တဲ့ပေါက်စီဖူးလေးအတွက် နွေးထွေးကာလုံခြုံစိတ်ချရသည့်အိမ်သည် ကမ္ဘာပေါ်တွင်တစ်နေရာသာရှိသည်။ထိုနေရာမှလွဲလို့ တစ်ခြားနေရာတွေမှာ ကြာကြာမနေချင်ပါ။ယခုလို သူစိမ်းနေရာကြီးမှာ တစ်ယောက်တည်းနေခဲ့ရမှာချင်းအတူတူ သူ့ဖေဖေနှင့်သာ ဟင်းပွဲတွေဝိုင်းသယ်ပေးလိုက်ချင်သည်။
ပေါက်စီဖူး၏ ခြေချောင်းတုတ်တုတ်လေးများသည် ဘုံဘုံ၏၀တ်ရုံစထဲသို့တိုး၀င်နေပြီဖြစ်ကာ သိပ်မကြာခင်သူ၏က်လုံးသေးသေးလေးအား ဘုံဘုံခန္ဓာကိုယ်နှင့်ဖုံးကွယ်လာတော့သည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Onde as histórias ganham vida. Descobre agora