-; ♡.° [ အပိုင်း-၁၈ ] ୭̥ 🍞

3.3K 260 7
                                    

Unicode

ဘုံဘုံတို့ရောက်ပြီးမကြာခင်မှာ သစ်ခုတ်သမားများနှင့် ဘုံဘုံတို့တွေနေ့လည်စာအတူစားကြသည်။ငါးပြုတ်မှ အရည်ကို ဟင်းရည်အဖြင့်သောက်ကြပြီး၊အသားဖတ်များကို ကြက်သွန်မြိတ်ပင် ပီလောပီနှံမှုန့်နှင့် ဆားတစ်ချို့ဖြင့် သုပ်ခဲ့ပြီး ထိုဟင်းလျာက ပင်ပန်းနေသောအလုပ်သမားများအတွက် သဘောအကျဆုံးအစားအစားဖြစ်ခဲ့သည်။ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်ဟင်းကလည်း ဇွန်းခွက်မအားလပ်နိုင်သည့်အထိ လူကြိုက်များခဲ့သည်။

အားလုံးနေ့လည်စာစားပြီးကြချိန် ဘုန်းမော်က ဘုံဘုံအား ခုတ်ထားသောသစ်လုံးများအနားသို့ ခေါ်ကာ အရိပ်ထဲထိုင်စေသည်။ကြီးများတဲ့ကျွန်းပင်၏အရွက်များကြောင့် တောကြီးထဲ အပြင်ကပူလောင်သောအငွေ့အသက်များ တစ်စိုးတစိမျှမခံစားရဘဲ နေပျောက်အနည်းငယ်သာ ကျရောက်နေသည်။

"ရိုး ရွာသားတွေက သန်မာပြီးအလုပ်ကြိုးစားကြတယ်။ပုဆိုးသာလှန်မကြည့်ဘူးဆိုရင် သစ်ခုတ်နေတဲ့အထဲ ဒွိတွေပါတယ်ဆိုတာတောင် သိမှာမဟုတ်ဘူး"

အနားလာထိုင်တဲ့ဇွဲတုက ထိုသို့ဆိုတော့ ဘုံဘုံမအောင့်အင်းနိုင်စွာ ထရယ်မိသည်။ဇွဲတုက သစ်ခုတ်နေသော ဒွိအမျိုးသားများအား အားကျသောအကြည့်များနဲ့စိုက်ကြည့်နေပြီး သူက ထိုလူများကဲ့သို့ သန်သန်မာမာယောက်ျားလေးတစ်ယောက် ဖြစ်ချင်ခဲ့သည်။

ဇွဲတုရဲ့ခန္ဓာကိုယ်က ဘုံဘုံနဲ့သိပ်မကွာဘူးဆိုပေမယ့် ဇွဲတုကပို၍ သန်မာကျစ်လျစ်ပြီး ကျန်းမာသည့်ခန္ဒာကိုယ်အား ပိုင်ဆိုင်ထားသည်။သူက ချွေးစို့နေသော ဂုတ်စပ်အား အပေါ်၀တ်ချွတ်ကာ သုပ်‌နေခဲ့ပြီး ဇွဲတုလုပ်ပုံကို မျက်မှောင်ကျုတ်ကာကြည့်နေတဲ့ ဘုန်းမော်က နီရဲနေသော ဇွဲတုရဲ့ဇာတ်ပိုအား တစ်ချက်အုပ်လိုက်ကာ
"အခုချက်ချင်း အ၀တ်ပြန်၀တ်စမ်း"

ဘုန်းမော်၏ အပျိုနှမလေးကို တွန့်တိုနေသည့်အစ်ကိုကြီးတစ်ယောက်ရဲ့ အပြုအမူများအား နောကျေနေသည့်ဇွဲတုက တစ်ချက်ရယ်လိုက်သည်။

"‌ညီလေးကို စိတ်ပူတာလား"

"စကားမရှည်နဲ့ ကိုင်ပေါက်လိုက်လို့ "

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)حيث تعيش القصص. اكتشف الآن