-; ♡.° [ အပိုင်း-၂၅ ] ୭̥ 🍞

2.6K 210 13
                                    

UNICODE

ဒေါ်မြသီက သူမရဲ့သမီးနှစ်ယောက်အားလက်တို့ကာ ဘုန်းမော်ဘက်သို့မျက်စပစ်ပြလိုက်သည်။အရိပ်ပြလျှင်အကောင်မြင်တဲ့ အကြီးမက သူမရဲ့မျက်နှာကိုအနူးညံ့ဆုံးပြုံးကာ နှုတ်ဆက်လိုက်ပေမယ့် ဘာလုပ်ရမယ်မသိတဲ့ အငယ်မကတော့ အိမ်ရှင်လင်မယားနှစ်ယောက်ဘက် ကြောင်တောင်တောင်လှမ်းကြည့်ကာ ခေါင်းငုံ့သွားခဲ့သည်။
အခုလိုအနေခက်ရတဲ့ အနေအထားကြီးမှာ သူမက သူမအမေနဲ့အစ်မလို အပူအပင်မရှိပြုံးပြမနေနိုင်ဘဲ သူမမောင်နောက်သို့သာလိုက်သွားချင်နေသည်။

အခုထိဘာမှမပြောသေးတဲ့ ဘုန်းမော်ရဲ့အကြည့်များက အပျိုဖြန်းကလေးလိုရှက်သွေးကြွယ်နေတဲ့ ဒေါ်မြသီရဲ့သမီးအကြီးထံသို့ရောက်နေခဲ့သည်။သူက မနက်စာပျောက်တဲ့ကိစ္စကြောင့်နဲ့ အမျိုးသမီးသုံးယောက်ကို ခေါ်တွေ့မှာမဟုတ်။သူ့၌ စုံစမ်းစရာကိစ္စတစ်ခုရှိနေပြီး အဲ့တာက ‌သမီးအကြီးဖြစ်တဲ့ မြယဉ်နဲ့သက်ဆိုင်နေသည်။

အမျိုးသမီးသုံးယောက်ကို မခေါ်တွေ့ခင်ကတည်းက ထိုအကြောင်းကို ဘုံဘုံအားပြောပြထား၍ ဘုံဘုံလည်းငြိမ်ချက်သားကောင်းနေသည်။ဘုံဘုံက မြယဉ်ထံမှ မသင်္ကာဖွယ်ရာအပြုအမူတွေကို သတိထားမိနေပြီး သူမက ဘုံဘုံတို့အိမ်ကိုရည်ရွယ်ချက်တစ်ခုနဲ့ ရောက်လာတယ်ဆိုတာ သတိထားမိနေသည်။

"တပ်မှူးက မြငယ်တို့ကို ဘာအကြောင်းရှိလို့ ခေါ်လိုက်တာလည်းဟင်"

မြယဉ်ရဲ့အသံက ယဉ်ပြီး တည်ငြိမ်သည်။သူမက ရိုးသားတဲ့ မိန်းမကောင်းလေးတစ်ယောက်အသွင် အကောင်းမွန်ဆုံးပြောဆိုခဲ့ပေမယ့် ထိုပြောင်းလဲမှုကို ဘုန်းမော်ကသတိထားမိပြီးသားဖြစ်သည်။

မြယဉ်က မာနကြီးပြီး အကြံသိုဝှက်တတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။ ရိုးသားမှုပြတယ်ဆိုတာ သူမအတွက်အလွယ်ကူဆုံးသော ဟန်ဆောင်မှုပညာတစ်ရပ်ဖြစ်ပြီး ဒီပညာကြောင့်ဘဲသူမက သူမခေါင်းဆောင်အတွက် အားအကိုးရဆုံးသတင်းပေးသမား ဖြစ်လာတာခဲ့၏။

"ဘာရယ်မဟုတ်ပါဘူး ကျွန်တော်က ဧည့်သည်တွေနဲ့ မနက်စာအတူစားချင်တဲ့ဆန္ဒရှိလို့ ခေါ်လိုက်တာပါဘဲ ၊ကဲ အခု ထမင်းစားခန်းကိုသွားရအောင်"

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now