-; ♡.° [ အပိုင်း-၃၈ ] ୭̥ 🍞

1.7K 127 2
                                    

UNICODE

သုံးဆယ့်ရှစ်

မိဖုရားခေါင်ကြီး နန်းမြတ်ပယင်းကြွေ၏ မိခင်ရင်းသည် တစ်ချိန်က သုသာန်တစ်ခုတွင်မွေးဖွားခဲ့တဲ့ စန္ဒာလအနွယ်၀င် အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့သည်။ထက်မြတ်ပြီး လှပတဲ့မိန်းကလေးဖြစ်တဲ့သူမက ဖခင်ဖြစ်သူ သုဘရာဇာကြီးရဲ့ တားမြစ်နေမှုများကြားက အဆင့်အတန်းမတူညီတဲ့ ပင်လယ်ကသောင်းမြို့စားနှင့်လက်ထပ်ခဲ့ပြီး ဂုဏ်အဆင့်အတန်းမြင့်မားတဲ့ မြို့စား၏ တိတ်တိတ်ပုန်းဇနီးတစ်ယောက်ဖြစ်လာခဲ့သည်။

ပယင်းကြွေမွေးဖွားသောနှစ်တွင် ပင်လယ်ကသောင်းမြို့၌ အရှိန်ပြင်းတဲ့ငလျှင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပြီး ကျောက်တွင်းအလုပ်သမားများဖြစ်ကြတဲ့ မြို့နေပြည်သူအမြောက်အများ အသက်ဆုံးရှုံးခဲ့ရသည်။ထိုအချိန်က ဘာသာရေးအယူဝါဒကြီးတဲ့ မြို့စားမိသားစုက စန္ဒာလအနွယ်၀င်ကလေးငယ်အား အသက်ရှည်ရှည်ဖြင့် ကြီးပြင်းမလာစေကြောင်း ၊နမိတ်မကောင်းတဲ့ကလေးဖြစ်၍ မြေကြီး၌မြှုပ်နှံကာ  ကံအညံ့ကိုခြေဖျက်ပစ်ရမည်ဖြစ်ကြောင်း တောင်းဆိုလာကြသည်။

သို့သော် သုဘရာဇာတစ်ဖြစ်လည်း ပယင်းကြွေရဲ့အဖိုးဖြစ်သူက ငလျှင်လှုပ်ခတ်ရာမှ မတော်တဆတွေ့ရှိခဲ့တဲ့ အင်ပါယာခေတ်လက်ကျန် သေနတ်အပိုင်းအစတစ်ခုကို ယူလာပြပြီး မြို့စားမိသားစုနဲ့အလဲအထပ်လုပ်ခဲ့သည်။သုဘရာဇာကြီးဘက်က အင်ပါယာခေတ်လက်ကျန် စစ်လက်နက်ပစ္စည်းများရဲ့ တည်နေရာအတိအကျကို ဖော်ထုတ်ပေးမယ်ဆိုရင် ပယင်းကြွေနဲ့သူမ မိခင်အသက်ကိုကာကွယ်ပေးမည်ဖြစ်သည်ဟု မြို့စားက ကတိစကားဆိုခဲ့သည်။

ထိုကတိစကားကြောင့် ပယင်းကြွေအသက်ဆယ်နှစ်အထိ မြို့စားကြီး၏သမီးတစ်ယောက်ရဲ့ ဂုဏ်ထူးဂုဏ်ပုဒ်တွေနဲ့ သက်သောင့်သက်သာနေခဲ့ရသည်။မြို့စားကြီးက သုဘရာဇာကြီးပြောတဲ့ သုသာန်မြေအဟောင်း ရှာဖွေတူးဖော်ရန်မကြိုးစားဘဲ ထိုနေရာမှာ ပင်လယ်ကသောင်းမြို့ မြို့တော်၀န်ခန်းမကို ခန်းခန်းနားနားတည်ဆောက်ခဲ့သည်။ထိုကဲ့သို့သော မင်းအဆက်ဆက်ကလျှို့ဝှက်ထားခဲ့သောနေရာကို သိရှိနေတဲ့အကြောင်းတစ်ခုတည်းနဲ့တင် ရှင်ဘုရင်ရဲ့အားနည်းချက်ကို တစ်ချက်တည်းဆုတ်ကိုင်ထားပြီးဖြစ်သွားတဲ့အတွက် မြို့စားဘက်က အများကြီးအကျိုးများခဲ့သည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now