-; ♡.° [ အပိုင်း-၂၃ ] ୭̥ 🍞

2.5K 227 7
                                    


နှစ်ဆယ့်သုံး

ဘုံဘုံသည် ဘုန်းမော်ရဲ့ရင်ခွင်ထဲ အိပ်မောကျနေရာမှ ရုတ်တရက်မျက်လုံးပွင့်လာခဲ့သည်။အိမ်မက်ကလန့်နိုးတာလည်းမဟုတ် မသင်္ကာစရာခြေသံကြားလို့လည်းမဟုတ် ဒီအတိုင်း နှစ်ခြိုက်စွာအိပ်ပျော်နေရာက မသိစိတ်ကြောင့် မျက်လုံးပွင့်သွားတာဖြစ်သည်။ထိုအခိုက်မှာ မျက်လုံးကြောင်နေခြင်းမျိုးလည်းမဖြစ်ဘဲ သူကမျက်တောင်နှစ်ဆင့်ခတ်လိုက်သည်။သူ့ခန္ဓာကိုယ်က နှစ်ပေါင်းများစွာအိပ်မောကျနေခဲ့သူလို နိုးထလာချိန်အတွင်း ပင်ပန်းနွယ်နယ်နေခြင်းမရှိခဲ့။

လက်ရှိအနေအထားအရ ဘုံဘုံ၏လက်သေးသေးလေးက ဘုန်းမော်ရဲ့အင်္ကျီစကို ဆွဲကိုင်ထားပြီး သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေက ပို၍နီးကပ်နေသည်ဟုထင်ရသည်။ရင်ခွင်ကျယ်ကြီးထဲ ပါးတစ်ခြမ်းအပ်ထားပြီး တောင်တောင့်ကြီးလှဲနေရာက ပတ်၀န်းကျင်ကိုတိတ်တဆိတ် စူးစမ်းမိသည်။သူဘာကြောင့်အိပ်ပျော်နေရင်း အကြောင်းမရှိနိုးလာပြီး ဘာလို့ပြန်မအိပ်ချင်နေရတာလည်းဆိုတာမသိပေမယ့် နိုးလက်စနဲ့ အခုသူအပြင်ထွက်ချင်နေသည်။ထို့ကြောင့် သန်မာတဲ့လက်မောင်းကြီးများကြားက သူ့ခန္ဓာကိုယ်လေးအား ရုန်းကန်မှုန်ပြုစေကာ ဘုန်းမော်ရင်ခွင်ထဲကနေထွက်နိုင်ဖို့ စတင်ကြိုးစားလာတော့သည်။

ဘုန်းမော်က ပေါက်စီဖူးလေးကဲ့သို့ နူးညံ့တဲ့ကုတင်ကျယ်ကြီးထက် နှစ်ခြိုက်စွာအိပ်မောကျနေသည်။ဒါကြောင့် ဘုံဘုံတစ်ယောက်လှုပ်လှုပ်ရှားရှားဖြစ်နေတာကို သတိမထားမိ။သူက ရုန်းကန်နေတဲ့ ဘုံဘုံခန္ဓာကိုယ်လေးအား အသာတကြည်လွှတ်ပေးလိုက်ကာ အိပ်ယာအစွန်မှာ ကွေးကွေးလေးအိပ်နေတဲ့ ပေါက်စီဖူးလေးရဲ့ရင်ဘက်ပေါ် လက်တင်ရင်း နောက်တစ်ကြိမ်ငြိမ်ကျသွားခဲ့သည်။

ဘုံဘုံက အိပ်ပျော်နေတဲ့သားအဖနှစ်ယောက်ရဲ့ ကိုယ်ပေါ်သို့ စောင်တစ်ထည်လွှမ်းပေးလိုက်ကာ အပေါ်၀တ်ကိုယူပြီး အခန်းထဲကထွက်ဖို့ပြင်သည်။အိမ်ကြီးအတွင်း မီးရောင်များကလွဲလို့ အရာရာတိတ်ဆိတ်နေသည်။သူက ခြေကိုဖွဖွလေးနင်းကာ အိမ်ရှေ့ကိုထွက်လာခဲ့သည်။လကျောက်အလင်းရောင်ဖြင့် ရှင်လင်စွာမြင်တွေ့နေရတဲ့ ဧည့်ခန်းကျယ်ကြီးအားဖြတ်ပြီးချိန် သူ့လက်ထဲကအပေါ်၀တ်အား ကိုယ်ပေါ်လွှမ်းလိုက်ကာ အိမ်အပြင်သို့ ထွက်လိုက်သည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now