-; ♡.° [ အပိုင်း-၆ ] ୭̥ 🍞

5.3K 428 16
                                    

Unicode


သားသမီးနှင့်မိဘကြား နွေးထွေးသောဆက်ဆံရေးမတွေ့ရဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိတ်ဆိတ်စွာစားသောက်နေကြသည့် ထမင်းစားပွဲတစ်ခုတွင် သူစိမ်းဖြစ်တဲ့ ဘုံဘုံတို့သားအဖနှစ်ယောက် ဘယ်သူ့အဖေခေါ်ရမှန်းမသိရတော့။အိမ်တော်၏စတုတ္ထသားက ထမင်းဝိုင်းကလူတွေချွေးပျံမည်စိုး၍လားမသိ အေးစက်သောအခိုးအငွေ့များအား တစ်ယောက်တည်းအားကြိုးမာန်တတ် ထုတ်လွှတ်နေသည်။ ရွှေရောင်အခန်းငယ်ထဲက အတောက်ပဆုံးသောအ၀တ်အစားများနဲ့လူများမှာ တစ်ယောက်နဲ့တစ်ယောက်လည်းအဆင်ပြေကြပုံမပေါ်။

စားပွဲရှည်ကြီးတစ်လျှောက်တွင် အရွက်တစ်မျိုးအား ချက်နည်းအမျိုးမျိုးဖြင့်ဖန်တီးချက်ပြုတ်ထားသော ဟင်းခွက်အများဆုံးရှိပြီး အသားဟင်းမှာတော့ အိမ်တော်သခင်နဲ့သခင်မကြီးတို့အရှေ့မှာသာ တွေ့ရလေသည်။စားပွဲ၏ထိပ်တွင် အိမ်ကြီးသခင်နဲ့သခင်မကြီးတို့ထိုင်နေပြီး သခင်ကြီး၏ဘေးတွင် အိမ်တော်၏သားကြီးလျှံဘုန်းမြတ်ထိုင်နေကာ သူက မိဘကိုတောင် လောကွက်ချော်ကာစကားမပြောဘဲ ဘေးမှာထိုင်နေသော ဒုတိယသားလျှံဘုန်းနိုင်ထမင်းပန်းကန်ထဲသို့ အသားဟင်းများထည့်ပေးနေသည်။အိမ်တော်တွင် ဘုံဘုံနည်းပါး လျစ်လျှူရှုခံရတဲ့လျှံဘုန်းနိုင်က သူ၏မိဘများအားတစ်ချက်လေးမှမော့မကြည့်ဘဲ အစ်ကိုလုပ်သူနဲ့အတူစကားပြောရင်း ပေါ့ပေါ့ပါးပါးနဲ့ ထမင်းစားနေသည်။

လျှံဘုန်းနိုင်၏ဘေးတွင် ဘုံဘုံတို့သားအဖထိုင်နေပြီး ဘုံဘုံက ပေါက်စီဖူးလေးအား ထမင်းကြွေးခြင်းအမှုကို ဆောင်ရွက်နေသည်။ဟင်းခွက်တွေများနေပေမယ့် ကလေးအားထည့်မကျွေးရဲ၊ အနားက ဟင်းရွက်ကြော်နဲ့အရည်သောက်ဟင်းဖြင့်သာ ပေါက်စီဖူးလေးအား တိတ်တဆိတ်ကျွေးနေခဲ့သည်။လူကြီးတွေ၏အငွေ့အသက်မကောင်းသော အမူအရာများကိုမြင်နေတဲ့ ပေါက်စီဖူးလေးက ဟင်းချေးမများ‌ဘဲ သူ့ဖေဖေကျွေးသမျှ ငြိမ်သက်စွာစားသောက်နေသည်။ ထမင်းစားရင်း တစ်ခါတစ်ရံ သူအဖေအားမော့ကြည့်ခဲ့ပေမယ့် ခေါင်းငုံကာထမင်းစားနေကြောင်းသာတွေ့ရ၍ ဘာမှန်းမသိ ပေါက်စီဖူးလေး၀မ်းနည်းလာသည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Wo Geschichten leben. Entdecke jetzt