-; ♡.° [ အပိုင်း-၂၂ ] ୭̥ 🍞

2.5K 248 9
                                    

UNICODE



သိပ်မနွမ်းသောအ၀တ်အစားနဲ့ အသက်ငါးဆယ်ခန့်အရွယ် ခပ်ပိန်ပိန်အမျိုးသမီးကြီးက သူမရဲ့ဂါ၀န်စအားမကာ ဘုန်းမော်ရှိရာသို့ပြေးလာသည်။ဘုံဘုံက ထိုအမျိုးသမီးကြီးနောက်က လူတစ်ချို့ရဲ့ မရိုးရှင်းတဲ့အကြည့်တွေကို သဘောမကျပေ။သို့သော် ဘုန်းမော်ကိုယ်တိုင်က ထိုအမျိုးသမီးကြီးနဲ့သူ့ရဲ့ ပက်သက်မှုကိုမဖော်ပြဘဲ နှုတ်ဆိတ်နေသည်ဖြစ်ရာ ဘုံဘုံကလည်း ချိုသည် ဖန်သည်ဘာမှ၀င်မပြောဘဲ ဘုန်းမော်ဘေးရပ်မြဲရပ်နေလိုက်သည်။

အနားရောက်လာတဲ့အမျိုးသမီးကြီးက ဘုန်းမော်အားနှစ်လိုဖွယ်ပြုံးပြကာ 'လျှံလေး'လို့ ထပ်ခေါ်ခဲ့သည်။သို့သော် လျှံဘုန်းမော်ကတော့ ခေါင်းတစ်ချက်ငြိမ့်ကာ ပြန်နှုတ်ဆက်လိုက်သည်ကလွဲလို့ ကျန်တာမပြောသေး။

သူ့ဘက်ကို တစ်ချက်ကလေးမှငဲ့မကြည့်လာတာကြောင့်
ဘုံဘုံက ပြန်လည်နှုတ်မဆက်ဘဲ မထုံတထေးရုပ်နဲ့ ရပ်မြဲရပ်နေခဲ့သည််။အဲ့ဒီအပြုအမူကြောင့်ဘဲ ထိုအမျိုးသမီးကြီးက သူ့အားမကျေမနပ်ပြန်ကြည့်လာ၏။သို့သော် ဘုန်းမော်ရဲ့တည်တင်းနေသောမျက်နှာနဲ့ ဘုံဘုံအား ပိုင်စိုးပိုင်နင်းဆွဲဖက်ဖက်လိုက်တဲ့အပြုအမူတွေကြောင့် သူက ဒီအိမ်မှာအရေးပါသော လူတစ်ယောက်ဖြစ်တယ်ဆိုတာ ထိုအမျိုးသမီးကြီးအား အသံတိတ်သတိပေးပြီးသားဖြစ်သွားလေသည်။

ဘုံဘုံကတော့ ယောက်ျားလုပ်သူရဲ့အပြုအမူကို အတော်ကျေနပ်နေပြီး သူ့ရဲ့စိတ်ခံစားချက်ကို ထိန်းထားကာ ခပ်တည်တည်နဲ့ ခေါင်းတစ်ချက်ငြိမ့်ကာ နှုတ်ဆက်ပြလိုက်သည်။ထိုကဲ့သို့ ပြီတီတီရုပ်ကလေးအား အသည်းယားနေသောဘုန်းမော်က သူ့ဇနီးလေးရဲ့စိတ်အခြေအနေ ကောင်းမွန်နေတာကိုသိရှိသွားပြီး သူ့ရင်ထဲကစိုးရိမ်စိတ်တို့ လျော့ကျသွား‌ခဲ့သည်။ဘုန်းမော်မျက်နှာက တိမ်မည်းတွေရှင်းသွားပေမယ့် သူက နောက်လာမယ့်အကြောင်းအရာတို့ကို စိတ်၀င်တစား စောင့်ကြည့်ချင်သေးတယ်လေ။

"အဒေါ်ဘာကိစ္စရှိလို့လည်း"

ဘုန်းမော်လေသံက ကြည်လင်ကာ ပြတ်သား‌သည်။တိုတိုတုတ်တုတ်နဲ့ လိုရင်းကိုတည့်မေးပြီး ထိုလေသံထဲတွင် အားနာစိတ်အပါအ၀င် ဘာစိတ်မှမရှိ၊မကောင်းတတ်လို့ မေးလိုက်ရသည့်အသံမျိုးနဲ့ ထိုအမျိုးသမီးကြိးအား မေးလိုက်ခြင်းဖြစ်၏။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now