-; ♡.° [ အပိုင်း-၃၃ ] ୭̥ 🍞

1.9K 138 6
                                    

UNICODE

သုံးဆယ့်သုံး

အမှန်အတိုင်းပြောရမယ်ဆိုရင် ဘုံဘုံတို့အတွက် စံပယ်ပန်းစိုက်ပျိုးရမည်အချိန်က အတော်လေးနောက်ကျနေပြီဖြစ်သည်။စံပယ်ဟာ နွေမှာပွင့်တဲ့ပန်းဆိုသော်ညား စီးပွားဖြစ်စိုက်မယ်ဆိုရင် ပျိုးပင်များကို လေးငါးလကြိုတင်‌ပျိုးယူထားရသည်။လက်ရှိဘုံဘုံတို့မှာ ပျိုးပင်မရှိပါ။

ဘုံဘုံစိတ်တိုင်းကျ မြေကွက်တစ်ချို့၀ယ်ယူပြီးသော် အစီအစဉ်မရှိဘဲ စတင်မည့်စီးပွားရေးဖြစ်နေတာကြောင့် ကိုဘုန်းမော်ကလွဲရင် ကျန်တဲ့သူတွေရဲ့မျက်နှာက သိပ်မကောင်းကြပေ။မကျေနပ်တာမျိုးမဟုတ်ဘဲ စိုးရိမ်မှုကြောင့် စိတ်မချမ်းမသာဖြစ်နေရခြင်းမျိုးပါ။ဒါကိုဘုံဘုံလည်းနားလည်ပေးနိုင်ပါသည်။

မြေပိုင်ရှင်ဆိုတာ စေတနာရွာမှာသီးသန့်မရှိ။နတ်ဘုရားများဖွက်ထားတဲ့ မြေကွက်သစ်တစ်ချို့၀ယ်ပြီးသော် မြေစာချုပ်တွင် ရွာသူကြီးကတာ၀န်ခံအိမ်ပွဲစားအနေနဲ့ လက်မှတ်ထိုးပေးပြီး မြို့ကမြေတိုင်းစာရင်းရုံးမှာ သွားပြီးငွေချေပေးရမည်။ထိုကိစ္စအတွက် သူကြီးက သူတာ၀န်ယူပါသည်ဟုဆိုထားသဖြင့် ဘုံဘုံတို့ကိုယ်တိုင်ကိုယ်ကျ ရုံးတော်ကိုသွားရန်မလို။

သဘာ၀အတိုင်း၀င်းပ‌ရွှန်းပြောင်နေတဲ့ ကျွန်းသစ်အိမ်ကြီးအားနောက်ခံထားကာ အိမ်ရဲ့အရှေ့ဘက်ကကွပ်ပျစ်ပေါ်မှာ လူတစ်စုအစည်းအ‌ဝေးထိုင်နေကြသည်။၎င်းတို့၏အလယ်တွက် အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ရဲ့လက်မနဲ့ လက်သန်းအရွယ် စံပယ်ပွင့်ကြီးများနဲ့ စံပယ်ဖူးများ ဖူးနေသော စံပယ်ခိုင်ကြီးတစ်ခိုင်ချထားပြီး ထိုစံပယ်ခိုင်ကြီးက သဘာ၀မြေဩဇာတို့ဖြင့် အဟာရပြည့်၀နေသော တောစပ်မှာပွင့်တဲ့အပင်မှ ချိုးယူထားခြင်းဖြစ်သည်။

"ဒီမှာကြည့် အရွက်တွေက ကျွန်တော်မြင်ဖူးတဲ့ စံပယ်ရွက်တွေထက် ပါးလွှာပြီး၊အပွင့်တွေက တစ်ခါမှမမြင်ဖူးတဲ့ အရွယ်အစားနဲ့ပွင့်နေကြတယ်။ဒါတောင်သဘာ၀မြေဩဇာနဲ့ ရှင်သန်ခဲ့ကြတာတဲ့နော်"

အရိုးတံကိုကိုင်ကာ တစ်ခုချင်းဆီရဲ့ကောင်းမွန်စွာ ကောင်းမွန်စွာကြီးထွားဖွံ့ဖြိုးနေမှုကို ပြောပြနေတဲ့ဘုံဘုံနဲ့ သူ့ရဲ့စကားတွေကိုစိတ်ပါ၀င်စားစွာ နားထောင်နေကြတဲ့ ယောက်ျားရင့်မာကြီးများအုပ်စုတို့ရှိသည်။ဘုန်းမော်က စိမ်းစိုနေတဲ့အရွက်တစ်ခုအားဖဲ့ယူကာ လက်မ၊လက်ညှိုးသုံးကာ စံပယ်အရွက်ရဲ့နူးညံ့မှုကို စမ်းသပ်နေသည်။ပိုးမွှားကပ်ထားတဲ့အခြေအနေမှာရှိမနေဘဲ ဖန်ပေါင်းချောင်ထဲမှာ စနစ်တကျထည့်စိုက်ထားတဲ့ တန်ဖိုးကြီးအပင်အတိုင်း အပြစ်အနာအဆာကင်းနေပုံက ရွှေနန်းတော်ကဉယျာဉ်ထဲမှာရှိတဲ့ စံပယ်ပန်းများထက်ပိုသည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now