-; ♡.° [ အပိုင်း-၃၆ ] ୭̥ 🍞

1.7K 124 1
                                    

UNICODE

သုံးဆယ့်ခြောက်

အကွက်စိတ်စိတ်များနဲ့ ပြတင်းပေါက်များဆီက ကျရောက်လာတဲ့ လိမ္မော်ရောင်နေအလင်းသည် ကြီးများနက်ရှိုင်းတဲ့ မြေအောက်ထပ်အတွင်းသို့ ကောင်းမွန်စွာအလင်းမကျရောက်နိုင်ချေ။အဆင့်ဆင့်ထပ်စီထားတဲ့ စာအုပ်များ၊အင်ပါယာလက်ကျန်  D 1911 ပစ္စတိုသေနတ်အစအနများကို သစ်သားစင်ကြီးများပေါ်မှ ပုံးကြီးပုံးငယ်အသွယ်သွယ်နဲ့ ထည့်သိမ်းထားကြောင်း ပဏာမအနေနဲ့ တွေ့ရှိခဲ့ရသည်။

မီးခိုးရောင်စစ်ဘက်၀တ်စုံက လျှို့ဝှက်အခန်းတွင်းရှိ နည်းပညာပစ္စည်း အာရုံခံစက်များရဲ့ တိုက်ခိုက်မှုမှ ကင်းဝေးစေသည့်အတွက် သားစစ်‌ရော ဇွဲတုပါ၀တ်ဆင်ထားရသည်။အရှည် တစ်ထွားခန့်ရှိကာ လက်မအရွယ်လုံးပတ်ရှိတဲ့ ငွေရောင်အဏုမြူဓာတ်မီးမှ အလင်းရောင်သည် မြေအောက်ခန်းအတွင်း ကောင်းမွန်စွာအလင်းပေးလျက်ရှိသည်။ လေးထောင့်ဆန်ဆန် ငွေ‌ကိုင်းမျက်မှန်ဖြင့် သားရေလက်အိတ်အဖြူကို ၀တ်ဆင်ထားတဲ့ ဇွဲတုက အလင်းမှန်ပြားကိုင်ရင်း အနောက်ကလိုက်လာတဲ့ သားစစ်ရဲ့ မျက်စိရှေ့ကနေ လှစ်ကနဲလှစ်ကနဲ ပျောက်သွားတတ်သည်။

အလင်းမှန်ပြားကနေ ထွက်လာတဲ့ဖောင်းကြွသဏ္ဌာန် မြေအောက်ခန်းရဲ့အနေအထားပြ မြေပုံကိုကြည့်ရင်း အဆုံးမရှိတဲ့ မြေအောက်လျှို့ဝှက်အခန်းများကို လေ့လာနေသည့် သားစစ်အတွက် ဒီမစ်ရှစ်က ထမင်းစားရေသောက်သာသာပင်။

အခန်းတွင်းကအရာရာကို တစ်နေရာထဲကနေ ကြည့်နေနိုင်ခြင်းက နည်းပညာရဲ့ အားသာချက်တစ်ခုဖြစ်ပြီး ၎င်းက မစ်ရှစ်အတွင်း သတ်မှတ်ထားတဲ့အချိန်ထက်ပို၍ အချိန်ကုန်သက်သာစေသည်။မိမိအရှေ့မှ တည်ငြိမ်သူကြီးအား တစ်ချက်ကြည့်ရင်း ပင်လယ်သွားချင်နေပြီဖြစ်တဲ့ သားစစ်က စ,မေးလာသည်။
"မင်းဘာတွေ့ထားလည်း"

"ငါ့မျက်လုံးထဲမှာ အမှိုက်တွေဘဲတွေ့တယ် ။တပ်စိတ်မှူးပြောတော့ အရေးကြီးသဲလွန်စတစ်ချို့ ရအောင်ရှာတဲ့ ...အမှိုက်ပုံကြားမှာ ငါက ဘာကိုရှာရမှာလည်း မသိတော့ဘူး"

G 22ပစ္စတိုသေနတ်အပိုင်းအစများအား တစ်ခုတည်းဖြစ်အောင် ပြန်ဆက်နေရင်း ဇွဲတုက အားမလိုအားမရလေသံနဲ့ ပြန်ဖြေသည်။ဒီနေရာမှာ သူတို့မထင်ထားတဲ့ အရာတွေရှိနေမယ်လို့ထင်ခဲ့ပေမယ့် ရှာတွေ့တော့ အသုံးမ၀င်တော့တဲ့ သေနတ်တွေချည်း..

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now