-; ♡.° [ အပိုင်း-၁၂ ] ୭̥ 🍞

4.2K 314 12
                                    

UNICODE



သစ်တောများဖြင့် ဖုံးကွယ်ခြင်းခံရသော ဤကျေးရွာငယ်လေးသည် ရာဇ၀တ္တနိုင်ငံတော်အတွင်းရှိ မျက်ကွယ်ရတနာတစ်ပါးဟုတင်စားထိုက်ပေသည်။နေရာအနှံကပျံ့လွင့်လာတဲ့ပန်းရနံ့သင်းသင်းရယ် စိမ်းစိုသောပတ်၀န်းတို့နဲ့ ရွာငယ်လေးက အဘယ်ကြောင့်စွန့်ပစ်ခဲ့ကြသလဲ မစဉ်းစားနိုင်အောင်ဖြစ်ရသည်။

"ကလေးတွေ မပြေးကြနဲ့"

မြေနီလမ်းထက် စိုထိုင်းထိုင်းအငွေ့အသက်တို့ပြည့်၀နေပြီး အဝေးကဝါးအိမ်ငယ်လေးများဟာ ငြိမ်းချမ်းသောရပ်၀န်းငယ်၏ အမှတ်သင်္ကေတများပင်။ဤရွာကို စေတနာရွာလို့ခေါ်ကြပြီး ထိုနာမည်အား ရွာအားကွေ့ပတ်စီးဆင်းနေသော ချောင်းဖြစ်တဲ့ စေတနာချောင်းမှ နာမည်ကိုအစွဲပြုခေါ်ခဲ့သည်ဟု သိရသည်။ရွာထဲ၌ အိမ်‌ခြေနည်းပါးကာ လူသူအရောက်အပေါက်လည်း နည်းသည်။

"ကျွန်တော်တို့ဒီည ဘယ်မှာနေရမှာလည်းအစ်မ"

"မမတို့အရင်အိမ်ဟောင်းမှာနေကြမယ်လေ"

ကြည်သာတို့က ဒီရွာမှမွေးခဲ့သူတွေမို့ မိဘအိမ်တော့ရှိနေသေးသည်။သူမက သူမမိဘတွေနေထိုင်ခဲ့တဲ့အိမ်အဟောင်းဆီသို့ ဘုံဘုံတို့အားဦးဆောင်ကာခေါ်လာခဲ့သည်။ရွာထဲ၌ အပြောင်းအရွေ့စရိတ်ကြေးမတတ်နိုင်၍ နေထိုင်နေကြသောရွာသားများက အန္တရာယ်တောထဲခုန်ဆင်းလာကြသော လူတစ်စုအားကြည့်ကာ ၎င်းတို့စိတ်ထဲ၌ အတွေးများ‌ကုန်ကျသည်။

သူတို့ရွာက တစ်ချိန်လုံး စုန်းမီးများလင်းသည်။ရေအေးတို့ဟာ နေရင်းထိုင်ရင်း ရေပူပြောင်းကုန်သည်။လယ်ထဲ၌စပါးစိုက်မရဘဲ မိုးကတစ်ချိန်လုံးရွာကာ ညတိုင်းနှင်းကျသည်။ဤကဲ့သို့ ဂြိုလ်ဆိုး၀င်နေသောရွာထဲသို့ ဘယ်သူမှမနေရဲဘဲ  ရွာမှမဟုတ်ရင်သွားစရာစရိတ်မရှိ၍ ၎င်းတို့သာလျှင် ဤရွာ၌ ကျီးလန့်စာစားရင်း ရက်ပေါင်းများစွာသည်းခံနေထိုင်ခဲ့ကြသည်။

နှစ်တွေကြာသည်အထိ ရွာထဲသို့ရွေ့ပြောင်းလာသူထက် ရွာထဲကထွက်ခွာသွားသူများသာရှိပြီး ယခုလို လူအစုလိုက်ပြောင်းရွေ့လာတာမျိုးတော့ သူတို့မတွေ့ဖူးကြ။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now