-; ♡.° [ အပိုင်း-၁ ] ୭̥ 🍞

20.4K 547 10
                                    

Unicode

ပစ္စုပ္ပန်ထင်ရှားရှိဆဲအနေအထားဖြင့်ကျေးဇူးပြုသောတရား(သို့မဟုတ်)အတ္ထိပစ္စယော၊ပဌာန်းအကျိုးဖြင့်ဆက်ဆက်နေသောရတနာနှစ်ဆယ့်လေးပါးအနက်  မြကျောက်အပြင် ထိုကျောက်နှင့်ထပ်မံဆက်စပ်နေသော ကျောက်မြက်ရွဲ ရာဇ၀တ္တကျောက်။ကျောက်မြတ်ရတနာနှစ်ပါး၏ ကြည့်ရှုစောင်မမှုဖြင့်စကြာ၀ဠာအတွင်းက နေရာတစ်ခုတွင် စစ်မက်ကင်းစင်၍ ငြိမ်းချမ်းသောကမ္ဘာသစ်တစ်ခုဖြစ်တည်နေသည်။သဘာ၀လွန်သောစွမ်းအားများ၊ သဘာ၀တရားနှင့်ဆန့်ကျင်သောစကြာ၀ဠာအတွင်း အနှိုင်းမဲ့ဖန်တီးထားတဲ့ ‌ခေတ်မီနည်းပညာများအကြား သဘာ၀တရားနှင့်အညီလျော်ကန်စွာပြုမူနေထိုင်သောကမ္ဘာသည် ဖန်ဆင်းရှင်တို့၏မေတ္တာဖြင့် အခုထိနယ်မြေလုစစ်ပွဲများမရှိသေး။

ကိုယ်စီအရောင်အသွေးဖြင့်တောက်ပနေကြသော ရတနာကျွန်းစုအတွင်းက ကျောက်မြတ်စကြာ၀ဠာများသည် အချင်းချင်းကူးသန်းခွင့်မရှိ၊ဉာဏ်ရည်မြင့်သောကျွန်းသားတို့သာ ထိုလူသူမသိသော အခြားစကြာ၀ဠာများ၏ အနေအထားပုံပန်းသဏ္ဌာန်အား အနီးစပ်ဆုံးအနေအထားဖြင့် တွေ့မြင်ခွင့်ရကြသည်။သို့သော်ကူးပြောင်းမသွားနိုင်။ရတနာကျွန်း၏အငြိမ်းချမ်းဆုံးနဲ့ စစ်မက်နည်းသောကမ္ဘာကလည်း နည်းပညာရှင်များရှာမတွေ့နိုင်သည်အထိ သေးငယ်ကာဂျောင်ကျသည်။

ထိုကမ္ဘာတွင်တစ်ခြားစကြာ၀ဠာများမှ အသည်းအသန်လိုအပ်နေကြသော သစ်အမျိုးမျိုး၊ကျောက်အမျိုးမျိုး၊သစ်သီးသစ်ဥ၊စိမ်လန်းသောတောတောင်၊သန့်ရှင်းကာအခမဲ့သောရေ၊နွေးထွေးသောလေထုမြေထုတို့ဖြင့် အဘက်ဘက်ကကုံလုံသည်။

အေးချမ်းစွာနေထိုင်ကြသူများဖြစ်၍ လူအများစုမှာ တန်ဖိုးကြီးသောကျောက်များကိုလည်း တူးဖော်မရှာကျ၊ပေါများပြည့်စုံသော ရှားပါးသစ်အမျိုးမျိုးဖြင့် ကြီးကျယ်ခမ်းနာသောအိမ်ဆောက်ရန် အတွေးမ၀င်ကြဘဲ ရိုးသားစွာရှင်သန်ကြသည်။ဤသည်ကြောင့် တစ်ခြားစကြာ၀ဠာမှ ကမ္ဘာသားများက ထိုကျောက်မြတ်စကြာ၀ဠာအား ရတနာကျွန်းစုတွင်အဆင်းရဲဆုံးနေရာဟုခေါ်ကြသည်။

ထိုအဆင်းရဲဆုံးဟုတင်စားကြတဲ့
စကြာ၀ဠာထဲတွင် ကမ္ဘာနှစ်ဆယ်လေးကမ္ဘာတည်ရှိနေသည်။ထိုနှစ်ဆယ့်လေးကမ္ဘာထဲက ကမ္ဘာတစ်ခုသည်အပြင်ပန်းအနေအထားဖြင့်ကြည့်လျှင် မြရောင်တောက်နေသောအလုံးကြီးတစ်လုံးနှင့်အလားတူသည်။စိမ်းလန်းသောတောတောင်၊ပြာလဲ့သောကောင်းကင်၊နွေးထွေးသောလေထု၊အမည်မသိထူးဆန်းသောသစ်ပင်ပန်းမန်များက ထိုကမ္ဘာတွင်ပြည့်လျှံလွန်နေသည်။ထိုကမ္ဘာတွင်ဧကရာဇ်နှစ်ပါးက ကမ္ဘာတစ်ခြမ်းစီကိုညီတူညီမျှခွဲကာ တရားမျှတစွာအုပ်ချုပ်ခဲ့သည်။နှစ်ပေါင်းနှစ်ထောင်ကြာတည်မြဲခဲ့သော ဧကရာဇ်နှစ်ပါး၏ချစ်ကြည်ရေးသည် ထာ၀ရမတည်မြဲခဲ့သည်မှာ ထိုကမ္ဘာသားများအတွက် ၀မ်းနည်းစရာကောင်းသော သတင်းဆိုးကြီးတစ်ပုဒ်ဖြစ်လာသည်။

ဒွိတစ်ယောက်အဖြစ်ဝိညာဉ်ကူးပြောင်းလာသည်🍞(completed)Where stories live. Discover now